The network connection is lost.

Banner Image

မဆီလျော်တဲ့ အောင်ပွဲခံပုံကြောင့် ပွဲပယ်ပြစ်ဒဏ်ခံရနိုင်တဲ့ တူရကီစတား ဒီမီရယ်

အင်္ဂါနေ့တုန်းက သြစတြီးယားကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ တူရကီနောက်ခံလူ ဒီမီရယ်တစ်ယောက် မဆီလျော်တဲ့အောင်ပွဲခံပုံကြောင့် ယူအီးအက်ဖ်အေရဲ့အရေးယူမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

ဒီမီရယ်ဟာ သြစတြီးယားကို အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းကောင်းတစ်ရပ်ပြသနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်မှာတော့ တူရကီဟာ နယ်သာလန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် အသက် ၂၆ နှစ်သားတစ်ယောက် ဒုတိယသွင်းဂိုး သွင်းယူပြီးနောက် ဝံပုလွေပုံစံနဲ့ အောင်ပွဲခံခဲ့တာကြောင့် အရေးယူခံရမှုနဲ့ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

အဆိုပါအောင်ပွဲခံမှုဟာ တူရကီနိုင်ငံရေးပါတီတစ်ခုနဲ့သက်ဆိုင်နေတာဖြစ်ပါတယ်။ ဒီမီရယ်ပြုလုပ်တဲ့ပုံစံကို သြစတြီးယားမှာ ပိတ်ပင်ထားကာ အောင်ပွဲခံခဲ့ရင် ပေါင် ၃၃၉၀ ပေးဆောင်ရမှာဖြစ်ပါတယ်။ အဆိုပါအုပ်စုကို ၁၉၆၀ ခုနှစ်တုန်းက တည်ထောင်ခဲ့တာဖြစ်ပြီး ပြင်သစ်မှာပိတ်ပင်ထားတာဖြစ်ပါတယ်။

“တူရကီရဲ့ ညာတောင်ပံပုံစံနဲ့ဆင်တူတဲ့ဟာတွေကို ကျွန်တော်တို့ကွင်းတွေထဲမှာ နေရာမပေးနိုင်ပါဘူး။ ဥရောပပလက်ဖောင်းမှာလည်း အခုလိုမျိုးအသုံးပြုကို လက်မခံနိုင်ပါဘူး”လို့ ဂျာမနီတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ယူအီးအက်ဖ်အေကတော့ ဒီမီရယ်ရဲ့လုပ်ရပ်ကို စုံစမ်းစစ်ဆေးနေပြီး လာမယ့်နယ်သာလန်နဲ့ ပွဲမှာ ပွဲပယ်ခံရနိုင်ချေရှိနေပါတယ်။
“တူရကီ နဲ့ သြစတြီးယားတို့ပွဲမှာ ယူအီးအက်ဖ်အေရဲ့စည်းမျည်း ၃၁(၄) ကို ချိုးဖျက်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ပွဲမှာ တူရကီကစားသမား ဒီမီရယ်ရဲ့အောင်ပွဲခံမှုအပြုအမူက မသင့်လျော်တာပြုလုပ်ခဲ့ပါတယ်”လို့ ယူအီးအက်ဖ်အေက ထုတ်ပြန်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဒီမီရယ်က သူ့အပြုအမူနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဂိုးသွင်းပြီးရင် အခုလိုမျိုးအောင်ပွဲခံဖို့ ပြင်ဆင်ထားတာပါ။ ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က တူရကီသားဖြစ်နေတာကြောင့်ပါ။ ဂိုးသွင်းအပြီးမှာ ကျွန်တော် စိတ်ထဲခံစားရပြီး အဲ့လိုလုပ်ချင်တာကြောင့် လုပ်ခဲ့တာပါ။ အဲ့တာကိုလုပ်နိုင်ခဲ့လို့ ကျွန်တော်အရမ်းပျော်ပါတယ်”လို့ ဒီမီရယ်က ပြောကြားခဲ့ပါတယ်။

ယူရိုအုပ်စုအတွင်း အယ်လ်ဘေးနီးယား တိုက်စစ်မှူး ဒါကူတစ်ယောက် စည်းမည်းချိုးဖောက်ခဲ့တာကြောင့် ၂ ပွဲပယ်ခံခဲ့ရတာဖြစ်ပါတယ်။