The network connection is lost.

Banner Image

ဆရာဖြစ်သူဆီကနေ မက်ဆေ့ချ်တစ်ခုရရှိခဲ့ကြောင်း ဗန်ပါစီ ထုတ်ဖော်ပြောကြား

ဖီယင်နုနည်းပြသစ် ဗန်ပါစီက ဆရာဖြစ်သူ အာစင်ဝင်းဂါးဆီကနေ မက်ဆေ့ချ်တစ်ခုရရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဖီယင်နုကိုမရောက်ခင်တုန်းက ဗန်ပါစီတစ်ယောက် ဟီရာဗန်အသင်းကို တာဝန်ယူနေတာဖြစ်ပြီး အခုချိန်မှာတော့ ဖီယင်နုနဲ့ ၂၀၂၇ အထိ စာချုပ်ချုပ်ဆိုခဲ့ပြီဖြစ်ပါတယ်။ သူ့လက်အောက်မှာ ယခင်တုန်းက တန်ဟက်လက်အောက်မှာ လက်ထောက်အဖြစ် တာဝန်ယူခဲ့တဲ့ ဟာကီက တာဝန်ယူမှာဖြစ်ပါတယ်။

ဗန်ပါစီအတွက်တော့ အခုချိန်မှာ စိန်ခေါ်မှုအသစ်တွေစတင်ခဲ့တာဖြစ်ပြီး ဆရာဖြစ်သူ ဝင်းဂါးထံကနေ မက်ဆေ့ချ်ရရှိခဲ့တာဖြစ်ပါတယ်။ “အာစင်းက ကျွန်တော့်ကို ဂုဏ်ပြုခဲ့သလို ကံကောင်းပါစေလို့လည်း ဆုတောင်းပေးခဲ့ပါတယ်။ အဲ့တာက လှပတယ်လို့ ကျွန်တော်ထင်ပါတယ်။ အာစင်းက ဘောလုံးဖခင်ကြီးနဲ့ဆင်တူပါတယ်။ အဲ့တာက ကျွန်တော်သူ့ကိုမြင်တဲ့အမြင်ပါ”လို့ ဗန်ပါစီက ပြောကြားခဲ့ပါတယ်။

ဗန်ပါစီဟာ ၂၀၀၄ ခုနှစ်တုန်းက ဖီယင်နုအသင်းထံကနေ အာဆင်နယ်အသင်းထံပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းအတွက် ၂၇၈ ပွဲမှာ ၁၃၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂၀၁၂ ခုနှစ်မှာတော့ အာဆင်နယ်ပရိသတ်တွေရဲ့အသည်းကို ခွဲခဲ့ပြီး စာချုပ်သစ်မချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ယူနိုက်တက်ထံပြောင်းရွှေ့ခဲ့ကာ ဖာဂူဆန်ကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ကူညီပေးခဲ့ပါတယ်။

ဗန်ပါစီအနေနဲ့ ဖီယင်နုအသင်းကို လာမယ့်လမှာကန်မယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် အင်တာမီလန်နဲ့ပွမြှာ စတင်တာဝန်ယူမှာဖြစ်ပါတယ်။ ဖီယင်နုအနေနဲ့ အသင်းဟောင်း အာဆင်နယ်နဲ့တွေ့ဆုံနိုင်ချေရှိခဲ့ပေမယ့် အဆုံးသတ်မှာ ပီအက်စ်ဗွီနဲ့သာ တွေ့ဆုံခဲ့ပါတယ်။