The network connection is lost.

Banner Image

နိုင်ငံအသင်းအတွက် ပြန်ကစားပေးတော့မယ့် ပိုလန်စတား

နည်းပြဟောင်း ပရိုဘီရက်ဇ်ထွက်ခွာခဲ့ပြီးနောက် ပိုလန်စတား လီဝန်ဒေါစကီးတစ်ယောက် နိုင်ငံအသင်းအတွက် ပြန်လည်ကစားပေးတော့မယ်လို့ သိရပါတယ်။ သတင်းတွေအရ ပိုလန်အသင်းဟာ နည်းပြသစ်အဖြစ် အူဘန်ကိုခန့်အပ်ခဲ့ပြီးနောက် လီဝန်ဒေါစကီးလည်း နိုင်ငံအသင်းနဲ့ ပြန်လည်ပူးပေါင်းတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဖင်လန်နဲ့ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ဖယ်ရှားခဲ့တဲ့ ယခင်နည်းပြ ပရိုဘီရက်ဇ်နဲ့အဆင်မပြေခဲ့တဲ့နောက် ဘာစီလိုနာစတားဟာ နိုင်ငံအသင်းကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။

အဲ့နောက် အခုနည်းပြဟောင်းမရှိတော့ချိန်မှာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ဆက်ရှိနေမလားဆိုတာတော့ မသိရသေးတာဖြစ်ပါတယ်။ ပရိုဘီရက်ဇ်ဟာ လီဝန်ဒေါစကီးနေရာမှာ အသင်းခေါင်းဆောင်အဖြစ် ဇီလင်စကီးကိုခန့်အပ်ခဲ့ပြီးနောက် အခုလိုမျိုး လီဝန်ဒေါစကီးနဲ့ ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပြဿနာကြောင့်လည်း ပရိုဘီရက်ဇ်ဟာ နည်းပြရာထူးကနေ ထွက်ခွာခဲ့ရတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ အခုချိန်မှာတော့ နည်းပြအပြောင်းအလဲနဲ့အတူ လီဝန်ဒေါစကီးလည်း ပြန်လာခဲ့တာဖြစ်ပါတယ်။

လီဝန်ဒေါစကီးဟာ နိုင်ငံအသင်းအတွက် ၁၅၈ ပွဲမှာ ၈၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး နိုင်ငံအသင်းသမိုင်းတစ်လျှောက်ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ပိုလန်အသင်းဟာ လာမယ့်စက်တင်ဘာမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကန်ရမှာဖြစ်ပြီး လီဝန်ဒေါစကီးပြန်လာမှာက နိုင်ငံအသင်းအတွက်အရေးပါလာနိုင်တာဖြစ်ပါတယ်။ အသင်းခေါင်းဆောင်လက်ပတ်ပြန်ဝတ်မလားဆိုတာက မသေချာသေးပဲ နည်းပြအဖွဲ့ဝင် နဲ့ လီဝန်ဒေါစကီးကတော့ အဆိုပါပြဿနာကို ပြန်လည်မစတင်ဖို့ လုပ်ဆောင်နေပါတယ်။