The network connection is lost.

Banner Image

ပိုလန်နဲ့ပွဲမှာ နိုင်ပွဲရဖို့ နိုင်ဂျီးရီးယား နည်းပြ ရှဲလ် ယုံကြည်မှုရှိနေ

လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပရိသတ် ၅၈,၀၀၀ ဆံ့တဲ့ Stadion PGE Narodowy ကွင်းကြီးထဲမှာ ကစားမယ့် ပိုလန်နဲ့ ခြေစမ်းပွဲအတွက် နိုင်ဂျီးရီးယားအသင်း နည်းပြချုပ် အဲရစ်ရှဲလ်က ယုံကြည်မှုအပြည့်ရှိနေကြောင်း ပြောကြားလိုက်ပါတယ်။

အခုပွဲဟာ ဒီနှစ်သင်းကြား ဒုတိယအကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမတိုင်ခင်တုန်းက ကစားခဲ့တဲ့ ပထမအကြိမ် ခြေစမ်းပွဲမှာတော့ ဗစ်တာမော့ဆက်ရဲ့ ပင်နယ်တီဂိုးနဲ့အတူ နိုင်ဂျီးရီးယားက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ဖူးပါတယ်။

စူပါအီးဂဲလ် (နိုင်ဂျီးရီးယားအသင်း) ဟာ နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲဆက်တိုက် ရှုံးပွဲမရှိသေးဘဲ အခုပွဲမှာလည်း ဒီရလဒ်ကောင်းကို ဆက်ထိန်းထားနိုင်ဖို့ ရည်မှန်းထားတာပါ။

ပိုလန်အသင်းက အိမ်ကွင်းအားသာချက်နဲ့ အားပေးမှုအပြည့်အဝ ရရှိနေပေမယ့် ရှဲလ်ကတော့ သူ့ရဲ့ကစားသမားတွေမှာ အရည်အသွေးနဲ့ စိတ်ဓာတ်ပိုင်း ခိုင်မာမှုရှိတာကြောင့် ပိုလန်မြေမှာ နောက်ထပ် ရလဒ်ကောင်းတစ်ခု ထပ်ယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

 “အခု ကျွန်တော်တို့မှာ အသင်းတစ်သင်းရှိနေပြီ။ ကွင်းထဲဆင်းပြီး အနိုင်ရဖို့အတွက်လည်း ပြင်ဆင်နေကြပါတယ်။ ကစားသမားတွေရဲ့ စိတ်ထဲမှာ အနိုင်ရချင်စိတ်ရှိလာအောင် ကျွန်တော်တို့ ကြိုးစားနေတာပါ။ ဗုဒ္ဓဟူးနေ့ပွဲမှာ အနိုင်ရဖို့အတွက်ပဲ သွားမှာပါ” လို့ ရှဲလ်က thenff.com ကို ပြောကြားခဲ့ပါတယ်။