The network connection is lost.

Banner Image

မန်စီးတီးကို လွှမ်းမိုးကစားနိုင်ခဲ့တယ်လို့ အတိအလင်းပြောကြားလိုက်တဲ့ ဒီကလန်ရိုက်စ်

ယမန်နေ့၊ မန်စီးတီးနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်အပြီး အာဆင်နယ်ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်က သူတို့အသင်းအတွက် ဆုလာဘ်နဲ့ ထိုက်တန်ခဲ့တယ်လို့ ယုံကြည်နေခဲ့ပါတယ်။ အခုပွဲစဉ်မှာ ဟာလန်းရဲ့ပွဲချိန် ၉ မိနစ်သွင်းဂိုးဖြင့် ပွဲချိန်တလျှောက်လုံး မန်စီးတီးတို့ ဦးဆောင်ထားခဲ့ပြီး ဒုတိယပိုင်းနာကျင်အချိန်ပိုမှာတော့ လူစားဝင်ကစားသမားမာတင်နယ်လီက ဂန်နားတွေအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲစဉ်အပြီး ဒီကလန်ရိုက်စ်က “ ပွဲအစထက်စာရင် ပွဲချိန်မိနစ် ၆၀၊ ၇၀၊ ၈၀ လောက်မှာ လူစားဝင်ကစားမယ်ဆိုရင် ကိုယ့်အတွက် ပွဲစဉ်က လုံးဝကို ကွဲပြားခြားနားနေပါလိမ့်မယ်။ ပွဲစဉ်ကလည်း အရှိန်မြင့်နေပြီး ကစားအားလည်း ကျဆင်းနေပါပြီ။ အဲ့ဒီလိုအချိန်မျိုးမှာ မာတင်နယ်လီလို ကစားသမားမျိုးသာ ဝင်ကစားမယ်ဆိုရင် သူ့ရဲ့တစ်ဦးချင်းဖြတ်ကျော်နိုင်မှု၊ လျှင်မြန်မှုတို့ကြောင့် အသင်းအတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်စေပါတယ်။ အဆုံးမှာတော့ မာတင်နယ်လီ ပြေးထွက်သွားပုံနဲ့ အဆုံးသတ်ပုံတို့ကလည်း မယုံကြည်နိုင်စရာကောင်းခဲ့ပါတယ်။ ဒီရလဒ်က ကျွန်တော်တို့နဲ့ အပြည့်အဝထိုက်တန်ပါတယ်။

ကွင်းတွင်းမှာရှိနေချိန် ကျွန်တော့်ရဲ့အတွေးက ဘောလုံးပေးပို့မှုနဲ့ပတ်သက်လို့ မန်စီးတီးကို အခုလိုမျိုး အပြတ်အသတ်လွှမ်းမိုးကစားနိုင်တာ ဒီအသင်းဆီ ကျွန်တော်ရောက်ရှိလာပြီးနောက် ပထမဆုံးအကြိမ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မန်စီးတီးကို ခံစစ်ဇုန်ထဲမှာပဲရှိနေအောင် လုပ်ထားတဲ့ပုံစံ၊ မန်စီးတီးရဲ့ပုံမှန်ကစားနေကျပုံစံနဲ့ လုံးဝကွဲပြားသွားအောင် လုပ်ဆောင်ခဲ့တဲ့ပုံစံတို့ကြောင့် ကျွန်တော်တို့လုပ်နေတဲ့အရာအပေါ် ကြီးမားတဲ့လေးစားမှုတစ်ခု ပြသလိုက်တာပဲလို့ ထင်ပါတယ်။ သူတို့ရဲ့ခံစစ်ဇုန်ထဲမှာ မန်စီးတီး ဘောလုံးရသွားပြီး ကိုယ့်ရဲ့အသင်းဂိုးပိုက်ထဲမှာ ဘောလုံးရပ်တန့်သွားလို့ ဦးဆောင်ဂိုးပေးလိုက်ရတာ စိတ်ပျက်ဖို့ကောင်းတယ်ဆိုတာ သေချာပါတယ်။

ဒီလိုတန်ပြန်တိုက်စစ်မျိုးဆိုတာ ကျွန်တော်တို့ ကစားနေကျပုံစံပါ။ ဒါပေမဲ့ အနိုင်မခံ၊ အရှုံးမပေးဘဲ ပြန်လာဖို့နဲ့ စိတ်ဓါတ်ပိုင်းကောင်းမွန်မှုတို့ကို ပြသခဲ့ပါတယ်။ အဆုံးမှာတော့ မာတင်နယ်လီရဲ့အရမ်းကောင်းတဲ့သွင်းဂိုးကို ရရှိခဲ့တယ်လို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီပွဲစဉ်မှ တစုံတခုရရှိဖို့ ထိုက်တန်ခဲ့ပါတယ်”လို့ ပြောပါတယ်။