The network connection is lost.

Banner Image

ကလော့ပ်ရဲ့နည်းပြ အဖွဲ့ထွက်ခွာမှုအတွက် ကုန်ကျစရိတ်ကို ထုတ်ပြန်လာတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ကလော့ပ်ရဲ့နည်းပြအဖွဲ့ထွက်ခွာမှုအတွက် ပေါင် ၅၇ သန်းလောက်အထိ ကုန်ကျခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ ဂျာမန်သားဟာ လီဗာပူးအသင်းကို ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့ပေမယ့် စာချုပ်ထဲမှာ ၂ နှစ်ကျန်နေချိန်မှာ စောလျှင်စွာဖျက်သိမ်းခဲ့တာကြောင့် နစ်နာကြေးတွေပေးခဲ့ရတာဖြစ်ပါတယ်။

ကလော့ရဲ့ထွက်ခွာမှုဟာ ဈေးမနည်းခဲ့ပဲ သူနဲ့သူ့နည်းပြအဖွဲ့ဝင်တွေအတွက် ပေါင် ၉.၆ သန်းအထိ ကုန်ကျခဲ့တာဖြစ်ပါတယ်။ စာရင်းချုပ်လိုက်မယ်ဆိုရင် လီဗာပူးအသင်းဟာ ၂၀၂၃ - ၂၄ ရာသီအကုန်မှာ အရှုံးစံချိန်တင်ခဲ့တာဖြစ်ပါတယ်။ အသင်းအမြတ်ငွေက ပေါင် ၆၁၄ သန်းအထိ တိုးတက်လာခဲ့ကာ အဆိုပါတိုးတက်လာမှုကလည်း ကာရာဘောင်ဖလားရခဲ့တာအပြင် စပွန်ဆာကြေးတွေကြောင့်လည်း ပါဝင်နေပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တာ ၊ မီဒီယာအမြတ်ငွေက ပေါင် ၃၈ သန်း ၊ ဝန်ထမ်းပိုင်းဆိုင်ရာတွေအတွက် ပေါင်သန်း ၆၀၀ အထိရှိခဲ့တာဖြစ်ပါတယ်။

ဘဏ်ကြွေးက အနည်းငယ်လျော့ကျခဲ့ပေမယ့် အန်ဖီးလ်ကွင်းဝင်ငွေကတော့ ပေါင် ၂၂ သန်းကနေ ပေါင် ၁၀၂ သန်းအထိ တိုးတက်လာခဲ့ပါတယ်။ ဟန်ဒါဆန် ၊ ဖာဘင်ဟို ၊ ဖာမီနို ၊ ကီတာ ၊ မီလ်နာ ၊ ချိန်ဘာလိန်တို့ထွက်ခွာခဲ့ပေမယ့်လည်း လုပ်ခလစာက မြင့်မားလာခဲ့ပြီး အလစ္စတာ ၊ ဆိုဘိုဆလိုင်း ၊ ဂရာဗန်ဘာ့ဂျ် နဲ့ အန်ဒိုတို့ ပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အခုရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းနေပြီး စလော့ကလည်း ပထမဆုံးရာသီမှာတင် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုင်မြှောက်နိုင်ဖို့ နီးစပ်နေပါတယ်။ အခြားတစ်ဖက်မှာလည်း ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်ထားနိုင်ခဲ့သလို ကာရာဘောင်မှာလည်း ဖိုင်နယ်ကို တက်ရောက်ထားနိုင်ပါတယ်။