The network connection is lost.

Banner Image

အမ်ဘာပေပြန်ကစားနိုင်မယ့်အချိန်ကို ခန့်မှန်းလိုက်တဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်

ဇူလိုင် ၁ ရက်၊ ဂျူဗင်တပ်စ်နဲ့ရင်ဆိုင်ရမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ကလပ်ကမ္ဘာ့ဖလားပွဲစဉ်မတိုင်ခင် အမ်ဘာပေကို အသင်းလူစာရင်းမှာထည့်သွင်းဖို့ အလွန်ဆို ဆုံးဖြတ်သွားနိုင်ပါတယ်။ ဆဲလ်ဘတ်ကို သုံးဂိုးပြတ်အနိုင်ရရှိပြီးနောက် အုပ်စုဗိုလ်အဖြစ် ရီးရဲလ်မက်ဒရစ်တို့ ရှုံးထွက်အဆင့်တက်ရောက်လာချိန် အလွန်ဆိုက သူ့ရဲ့No-9 တိုက်စစ်မှူးကို အသင်းဆီပြန်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။

အမ်ဘာပေက အဖျားဝေဒနာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ကလပ်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်အားလုံးကို လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အမ်ဘာပေက အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပါပြီ။ အလွန်ဆိုကိုယ်တိုင်လည်း ပြင်သစ်လက်ရွေးစင်ရဲ့ဝေဒနာသက်သာလာမှုအတွက် အချိန်အနည်းငယ်ပိုရစေဖို့  ဆဲလ်ဘတ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အမ်ဘာပေကိုရွေးချယ်မှုရဲ့စွန့်စားရနိုင်ချေကို ငြင်းပယ်သွားခဲ့ပါတယ်။နောက်ထပ်ဆုတ်ယုတ်မှုမျိုးသာ မရှိဘူးဆိုရင်တော့ အမ်ဘာပေက အမေရိကန်မြေ၊ သူ့ရဲ့ပထမဆုံးပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပါလိမ့်မယ်။ အမ်ဘာပေပြန်ပါလာမယ်ဆိုရင် ဂွန်ကာလိုဂါစီယာ အရန်ခုံတန်းဆီ ပြန်ရောက်ရှိသွားပါမယ်။

အမ်ဘာပေရဲ့ပြင်သစ်အသင်းဖော်ချူအာမန်နီကတော့ မက်ဒရစ်ရဲ့ကလပ်ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်သုံးခုလုံးကို ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ပါတယ်။ အလွန်ဆိုကလည်း ကွင်းလယ်ခံစစ်နေရာမှတဆင့် ဟူဂျ်ဆန်၊ အဆန်စီယိုတို့ဦးဆောင်တဲ့ ခံစစ်ပိုင်းကို လိုက်လျောညီထွေမှုရှိရှိ ကူညီပေးနေတဲ့ ချူအာမန်နီကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ စီးရီးအေဘီလူးကြီးနဲ့ရင်ဆိုင်ရချိန်မှာလည်း ပွဲထွက်ခွင့်ရရှိနေဖို့ သေချာနေတဲ့ အသက်-၂၅ နှစ်အရွယ်ကစားသမားက အမ်ဘာပေမှာ ရှုံးထွက်ပွဲစဉ်တွေအတွက် ကြီးမားတဲ့သက်ရောက်မှုတစ်ခု ပြုလုပ်နိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

ချူအာမန်နီက “ အသင်းမှာ အမ်ဘာပေကို ပြန်မြင်တွေ့နိုင်ဖို့ ကျွန်တော်တို့ တကယ့်ကို မျှော်လင့်နေပါတယ်။ သူက ကျွန်တော်တို့အတွက် မယုံကြည်နိုင်စရာကစားသမားတစ်ဦးပါ။ ဂွန်ကာလိုဂါစီယာလည်း ကစားတာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ လာမယ့်ရက်ပိုင်းအတွင်း အသင်းမှာ အမ်ဘာပေကို ကျွန်တော်တို့ သေချာပေါက်မြင်တွေ့ရပါလိမ့်မယ်” လို့ ပြောပါတယ်။ အလွန်ဆိုကတော့ အမ်ဘာပေပြန်လာမယ့်အချိန်ကို စိတ်ရှည်သည်းခံမှုအပြည့်နဲ့ စောင့်ပေးနေတယ်လို့ ဂျူဗင်တပ်စ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ထပ်လောင်းပြောကြားခဲ့ပါတယ်။ အလွန်ဆိုက “ ကျွန်တော်ကတော့ အကောင်းမြင်စိတ်နဲ့ ရှေ့မတိုးချင်ပါဘူး။ ဒါပေမဲ့ အမ်ဘာပေက ကမ္ဘာ့အကောင်းဆုံးစာရင်းဝင် ထိပ်တန်းကစားသမားတစ်ဦးပါ။ ဒါကြောင့် ကျွန်တော်တို့ သူ့ကို လိုအပ်နေပါတယ်။ မကြာခင် သူပြန်လာဖို့လည်း မျှော်လင့်မိပါတယ်”လို့ ဆိုပါတယ်။