
ရီးရဲလ်အသင်းနဲ့ ၆ နှစ်စာချုပ်ချုပ်ဆိုမယ့် ကစားသမားအသစ် အာနိုးလ်
ရီးရဲလ်မက်ဒရစ်အသင်းကတော့ အာနိုးလ်ကို ကလပ်ကမ္ဘာ့ဖလားမတိုင်ခင် ခေါ်ယူနိုင်ဖို့သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ အင်္ဂလန်သားဟာ ဇွန်လ ၃၀ မတိုင်ခင်အထိ အလွတ်နဲ့ရမယ့်ကစားသမားမဖြစ်သေးတာဖြစ်ပါတယ်။ အဆိုပါအခြေအနေကြောင့် ရီးရဲလ်အနေနဲ့ သူ့ကိုခေါ်ယူနိုင်ဖို့ ပြောင်းရွှေ့ကြေး ယူရို ၁၀ သန်းပေးချေခဲ့ရတယ်လို့ သိရပါတယ်။ လီဗာပူးအသင်းနဲ့အတူ ဒုတိယအကြိမ်မြောက်ပရီးမီးယားလိဂ်ချန်ပီယံဆုရယူနိုင်ခဲ့ပြီးနောက် အာနိုးလ်ဟာ ငယ်ဘဝကလပ်ကို နှုတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။
“လီဗာပူးအသင်းအနေနဲ့ အာနိုးလ်တစ်ယောက် ရီးရဲလ်အသင်းထံပြောင်းရွှေ့မယ့်ကမ်းလှမ်းမှုကို လက်ခံလိုက်ပါပြီ။ အာနိုးလ်အနေနဲ့ စာချုပ်သက်တမ်းကုန်ချိန်မှာ ရီးရဲလ်အသင်းထံပြောင်းရွှေ့မှာပါ။ ဒါ့အပြင် ရီးရဲလ်ဘက်က အာနိုးလ်အတွက် ပြောင်းရွှေ့ကြေးပေးခဲ့သလို အပြောင်းအရွှေ့ဖွင့်ချိန် ဇွန်လ ၁ ရက်နေ့မှာ အပြီးသတ်မှာပါ”လို့ လီဗာပူးဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ရီးရဲလ်အသင်းဘက်ကလည်း “ကျွန်တော်တို့ နဲ့ လီဗာပူးအသင်းကြားမှာ အာနိုးလ်အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ပါပြီ။ အာနိုးလ်တစ်ယောက် ၂၀၃၁ အထိ စာချုပ်ချုပ်ဆိုမှာပါ။ ဒ့ါအပြင် အာနိုးလ်က လာမယ့်ကလပ်ကမ္ဘာ့ဖလားမှာလည်း အသင်းအတွက် ပါဝင်ကစားမှာပါ” စပိန်ကလပ်ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ အာနိုးလ်ကို စာချုပ်သက်တမ်းမကုန်ခင်မှာပဲ ခေါ်ယူချင်နေပြီး ပြောင်းရွှေ့ကြေးလည်း ပေးချေမှာဖြစ်ပါတယ်။ ၂ သင်းကြားမှာ သဘောတူညီမှုက အပြီးသတ်လုနီးပါးဖြစ်နေပြီဖြစ်ကာ မကြာခင်မှာ တရားဝင်ကြေညာဖွယ်ရှိနေပါတယ်။