နည်းပြဖွန်ဆီကာကို ထုတ်ပယ်လိုက်တဲ့ အေစီမီလန်
အေစီမီလန်ဟာ ဖွန်ဆီကာကို ခန့်အပ်ခဲ့ပြီး ၆ လအကြာမှာပဲ ထုတ်ပယ်လိုက်တာဖြစ်ပြီး နောက်ထပ် နည်းပြသစ်ကိုခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ မီလန်ဟာ တနင်္ဂနွေနေ့မှာ ရိုးမားနှင့် ၁-၁ ဂိုး သရေကျခဲ့တာဖြစ်ပြီး အဆိုပါရလဒ်ကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာသို့ ရောက်သွားတာလည်းဖြစ်ပါတယ်။
အသင်းရဲ့နောက်ထပ်ပွဲကို ကိုင်တွယ်ရမှာတော့မှာ မဟုတ်ကြောင်း ကနဦးမှာပြောကြားခဲ့သလို အီတလီအသင်းကြီးနှင့် အမှတ်တကယ်ခွဲခွာကာ ဆန်စီရိုကနေ ထွက်ခွာရမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ပေါ်တူဂီနိုင်ငံသားဟာ အသင်းရဲ့နည်းပြအဖြစ် ဆက်ရှိမှာမဟုတ်ကြောင်း အေစီမီလန်က ကြေညာခဲ့ပြီး ပူလီဆစ်နှင့် အသင်းဖော်တွေဟာ နောက်ထပ်နည်းပြက ဘယ်သူဖြစ်မလဲဆိုတာ ရှာရတော့မှာ ဖြစ်ပါတယ်။
ဖွန်ဆီကာဟာ ပထမအသင်းရဲ့နည်းပြအဖြစ် ဆက်ရှိတော့မှာ မဟုတ်ပါဘူး။ သူ့ရဲ့ပရော်ဖက်ရှင်နယ်ဆန်မှုအတွက် အထူကျေးဇူးတင်လိုပြီး အနာဂတ်မှာအကောင်းဆုံးဖြစ်ဖို့အတွက် ဆုတောင်းပေးကြောင်း ထုတ်ပြန်ချက်မှာ ကလပ်က ရေးသားထားပါတယ်။
ဖွန်ဆီကာဟာ ဒီနွေရာသီမှာ ကလပ်သို့ရောက်ခဲ့ပြီး ချန်ပီယံလိဂ်တွင် ရလဒ်ကောင်း ရရှိအောင် စွမ်းဆောင်ထားပြီး ၃၆ သင်းရှိရာ အဆင့် ၁၂ နေရာတွင် ရပ်တည်နေပြီး စီးရီးအေမှာတော့ အမှတ်ပေးဇယားကို ဦဆောင်နေတဲ့ အတ္တလန္တာရဲ့နောက် ၁၄ မှတ်အကွာဖြင့် ရှိနေပါတယ်။ ကစားသမားဘဝတုန်းက အင်တာမှာကစားခဲ့ဖူးတဲ့ ပေါ်တိုနည်းပြဟောင်း ကွန်ဆီကာအိုက သူ့ရဲ့နေရာကို အစားထိုးဝင်ရောက်မှာဖြစ်ကြောင်း အီတလီရှိသတင်းတွေက ဖော်ပြထားပါတယ်။
ကွန်ဆီဆာအိုဟာ အေစီမီလန်ရဲ့ စူပါကိုပါအီတာလီယာ ဆီမီးဖိုင်နယ်အဖြစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ ကစားမယ့် ဂျူဗင်တပ်စ်နှင့်ပွဲကို ကိုင်တွယ်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။