The network connection is lost.

Banner Image

ဘောလုံးနဲ့ပတ်သက်ပြီး ရက်ရှ်ဖို့ဒ်နဲ့အမြင်မတူခဲ့ကြောင်း ဖွင့်ဟပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းကနေထွက်ခွာပြီး ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ ပြောင်းရွှေ့သွားခဲ့တဲ့ စူပါစတားတိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဘောလုံးနဲ့ပတ်သက်ပြီး သူနဲ့အတွေးအမြင်မတူခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ 

အာမိုရင်ဟာ အသက်-၂၇ နှစ်အရွယ်ကစားသမားကို လေ့ကျင့်ရေးအစီအစဉ်တွေမှာ သဘောကျခြင်းမရှိတာကြောင့် အသင်းရဲ့လူစာရင်းကနေ ၇ ပတ်တိတိ ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။အာမိုရင်က “ကျွန်တော် ရက်ရှ်ဖို့ဒ်ကို ကျွန်တော်ကစားစေချင်တဲ့နည်းလမ်းအတိုင်း ကစားခိုင်းလို့မရခဲ့ပါဘူး။ ပြီးတော့ ကျွန်တော်မြင်တဲ့အတိုင်းလည်း သူမမြင်ခဲ့ပါဘူး။ ကစားသမားတစ်ယောက်က နည်းပြတစ်ယောက်နဲ့အရမ်းအဆင်ပြေပြီး တကယ်ကောင်းနိုင်ပေမယ့် အဲဒီကစားသမားကပဲ အခြားနည်းပြနဲ့ဆို အဆင်မပြေဖြစ်နိုင်ပါတယ်”

“ကျွန်တော့်အနေနဲ့ ရက်ရှ်ဖို့ဒ်တစ်ယောက် အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီလက်အောက်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ သူကအရမ်းကောင်းတဲ့ကစားသမားတစ်ဦးဖြစ်လို့ သူတို့ ၂ ယောက်ကြားမှာ ချိတ်ဆက်မှုကောင်းကောင်းရပါလိမ့်မယ်” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး အာမိုရင်က “ကျွန်တော်ပြောခဲ့သလိုပါပဲ။ နွေရာသီမရောက်မချင်း ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်။ ဒါကြောင့် ပွဲတွေအပေါ်မှာပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်။ အခုချိန်မှာ ရက်ရှ်ဖို့ဒ်က အခြားအသင်းကိုရောက်သွားပြီဆိုတော့ သူ့အကြောင်းကို အဲဒီအသင်းကနည်းပြဆီမှာပဲ သွားမေးကြပါ။ ကျွန်တော်ကတော့ အသင်းမှာရှိနေတဲ့ကစားသမားတွေအပေါ်မှာပဲ အာရုံစိုက်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်စနေနေ့မှာတော့ယူနိုက်တက်ဟာ အက်ဖ်အေဖလားပြိုင်ပွဲ စတုတ္ထအဆင့်ပွဲစဉ်အဖြစ် နစ္စတယ်ရွိုင်းရဲ့လက်စတာကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရပါမယ်။