ကိုပါအမေရိကပွဲမှာ နိုင်ပွဲရရှိခဲ့တဲ့အတွက် အောင်ပွဲခံမှုအပေါ် ရှင်းပြလိုက်တဲ့ ပူလီဆစ်
၂၀၂၄ ကိုပါအမေရိကတွင် ဘိုလီဗီးယားအား ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ အမေရိကန်လက်ရွေးစင်အသင်းအတွက် ၃၀ ကြိမ်မြောက်ဂိုးကို သွင်းယူပြီးနောက် သူ့ရဲ့အောင်ပွဲခံမှုအပေါ် ပူလီဆစ်က ရှင်းပြလိုက်ပါတယ်။
အေစီမီလန်တိုက်စစ်မှူးဟာ ပြိုင်ပွဲမှာ အသင်းခေါင်းဆောင်လက်ပက်ကို နောက်တစ်ကြိမ်ဝတ်ဆင်ကစားခဲ့ပြီး သုံးမိနစ်အတွင်းမှာပင် အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ လိမ္မာပါးနပ်စွာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် နိုင်ငံအတွက် ဂိုးပေါင်း ၃၀ အမြန်ဆုံးပြည့်တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။
ပူလီဆစ်ဟာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲမခံမီ အရန်ခုံတန်းရှိ set-piece နည်းပြ ဗီအိုထံ ပြေးသွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပွဲက ခါတိုင်းထက်ပိုပြီး စိတ်အားထက်သန်မှု ဘာကြောင့်ဖြစ်ရလဲဆိုတာကို မေးမြန်းတဲ့အခါ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးက "ဒါဟာ ကိုပါအမေရိကပြိုင်ပွဲပါ၊ ကြီးမားတဲ့ပြိုင်ပွဲတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ ဆိုလိုတာက ဂိုးသွင်းပြီးရင် အမြဲတမ်း စိတ်လှုပ်ရှားနေသလို ခံစားရပါတယ်။ ဒါပေမယ့် ဒါဟာ ကြီးမားတဲ့ အခိုက်အတန့်ပါပဲ" လို့ ဖြေပါတယ်။
အိမ်ကွင်းမှာ ပနားမားနှင့်ကစားရမယ့် ကြာသပတေးနေ့ပွဲစဉ်အတွက် ပူလီဆစ်က "ဒါက ကိုပါအမေရိကပါ။ အသင်းတိုင်းဟာ ကစားဖို့အတွက် အဆင်သင့်ဖြစ်နေပြီး လွယ်ကူတဲ့ပွဲတစ်ပွဲဖြစ်မယ်လို့ ကျွန်တော်တို့ လုံးဝမျှော်လင့်မထားပါဘူး။ ဒါကြောင့် ရလဒ်ကောင်းတွေ လိုချင်ရင် ဒီနေ့ထက်ပိုကောင်းတဲ့ စွမ်းဆောင်ရည်ကို လုပ်ဆောင်ဖို့ လိုပါတယ်"လို့ ပြောပါတယ်။
အမေရိကန်အသင်းဟာ လာမယ်ရက်သတ္တပတ်၊ လများနှင့် နှစ်များအတွင်း ပူလီဆစ်ထံမှ ပိုမိုမျှော်လင့်ထားကြောင်း ပြောကြားထားပြီး နိုင်ငံ့လက်ရွေးစင်အသင်းဖော်နှင့် အသင်းခေါင်းဆောင်ရာထူးအတွက်ပြိုင်ဘက် တိုင်လာအက်ဒမ်က သူ့ရဲ့တစ်နိုင်ငံ့တည်းသားအတွက် အလားအလာကို ပြောကြားခဲ့ပါတယ်။ "သူရဲ့ ယုံကြည်မှုကို တွေ့သွားပြီထင်ပါတယ်။ လူတိုင်းက သူတို့ရဲ့ကစားသမားဘဝမှာ တစ်ချိန်ချိန်တွင် ပြန်လည်တိုးတက်လာမှုကို လိုအပ်ပြီး ဆက်လက်တိုးတက်နေတာလည်းဖြစ်ပါတယ်။ သူဟာ ပြီးဆုံးသွားတာမဟုတ်ဘဲ နေ့စဉ်နှင့်အမျှ တိုတက်နေတာဖြစ်ပါတယ်"လို့ ပြောပါတယ်။
အမေရိကန်အသင်းဟာ ဇူလိုင်လ ၁ ရက်နေ့မှာ အုပ်စုအဆင့် နောက်ဆုံးပွဲအဖြစ် ဥရုဂွေးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကွာတားဖိုင်နယ်သို့ရောက်ရှိရန် လုံလောက်တဲ့ရမှတ် ရရှိဖို့အတွက် မျှော်လင့်နေတာလည်းဖြစ်ပါတယ်။