အန်ကွန်ကူတစ်ယောက် ၃ ပတ်ကနေ ၄ ပတ်လောက်အထိ နားရမယ်လို့ ပိုချက်တီနို ထုတ်ဖော်ပြောကြား
တနင်္ဂနွေနေ့တုန်းက လီဗာပူးအသင်းနဲ့ ကာရာဘောင်ဖလားဖိုင်နယ်ပွဲမှာ အန်ကွန်ကူတစ်ယောက် ဒဏ်ရာ ရရှိခဲ့ပြီး ၃ ပတ်ကနေ ၄ ပတ်လောက်နားရမယ်လို့ ပိုချက်တီနိုက အတည်ပြုလိုက်ပါတယ်။ အန်ကွန်ကူဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပေမယ့် အသင်းကို ကာရာဘောင်ဖလားရယူနိုင်အောင် ကူညီပေးနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီတုန်းက ပေါင် ၅၃ သန်းနဲ့ လိုက်ပ်ဇစ်ကနေ ချဲလ်ဆီးထံ ပြောင်းလာပြီးနောက် ပြင်သစ်သားဟာ အသင်းရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ကတည်းက အန်ကွန်ကူတစ်ယောက် ကာလရှည်နားနေရတာဖြစ်ပြီး ဒီဇင်ဘာတုန်းကမှ ပြန်လာနိုင်ခဲ့ကာ တင်ပါးဒဏ်ရာမရခင် ၃ ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့ပါတယ်။
လိဒ်နဲ့အက်ဖ်အေဖလား ပွဲမတိုင်ခင် ပိုချက်တီနိုအတွက် ခေါင်းခဲစရာဖြစ်လာခဲ့ပြီး နောက်ထပ်လူမစုံပဲ ကန်ရတော့မှာဖြစ်ပါတယ်။
“လက်ရှိအချိန်မှာတော့ ခရစ္စတစ်ယောက် ၃ ပတ်ကနေ ၄ ပတ်လောက်နားရတော့မှာပါ။ ရာသီအကြိုအမြင့်ပျံနေချိန်မှာ သူ့အတွက် ဒူးဒဏ်ရာ ရရှိခဲ့တာက ခက်ခဲပါတယ်။ အခုဆို သူ ၈ လလောက်နီးပါးနားခဲ့ရပါတယ်။ သူပြန်လည်ပါဝင်နိုင်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် တူညီတဲ့ ကစားသမားတစ်ဦးတော့ မဟုတ်တော့ပါဘူး။ ခရစ္စက ဂျာမနီမြေမှာ အကောင်းဆုံးဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ တူညီတဲ့ကစားသမားမဟုတ်တော့ပါဘူး။ တစ်ချို့အချိန်တွေမှာ မမျှတတာတွေဖြစ်တတ်ပါတယ်။ အခြေအနေက လုံးဝကွဲပြားနေပါတယ်။ ဒီအခြေအနေမှာ အသင်းအတွက်ကော ကျွန်တော်တို့အတွက်ပါ မကောင်းပါဘူး။ ဂိုးတွေနဲ့ စွမ်းဆောင်ရည်ကောင်းတွေပြသနေတဲ့ ကစားသမားကို ကျွန်တော်တို့ မထောက်ပံ့နိုင်ပါဘူး”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ တိုက်စစ်မှူးနေရာအတွက် နီကိုလက်စ်ဂျက်ဆန်ကိုသာ အားထားရဖွယ်ရှိနေပြီး ဒုတိယတိုက်စစ်မှူး ဘရိုဂျာကို ရောင်းထုတ်ဖို့ ပြင်ဆင်နေကာ နွေရာသီမှာ တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။