The network connection is lost.

Banner Image

ဘယ်လင်ဟမ်ရဲ့အငြင်းပွားဖွယ်အနီကတ်နဲ့ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ပီကေး

စနေနေ့က ဗလန်စီယာနဲ့ပွဲမှာ ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဟမ်အနီကတ်ပြသခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဘာစီလိုနာစတားဟောင်း ပီကေးက အခုလိုမျိုးပြောကြားလိုက်ပါတယ်။ ရီးရဲလ်အသင်းဟာ ဗလန်စီယာကိုနောက်ကနေလိုက်ကစားပြီး ၂-၂ သရေ ကန်နိုင်ခဲ့သလို အချိန်ပိုမိနစ်မှာ ဘယ်လင်ဟမ်က အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပွဲသိမ်းခရာမှုတ်ကာ အဆိုပါသွင်းဂိုးကို ဂိုးအဖြစ် မသတ်မှတ်ခဲ့တာဖြစ်ပါတယ်။
 
ပွဲအပြီးမှာ ရီးရဲလ်ကစားသမားတွေနဲ့ ဝန်ထမ်းတွေ ကွင်းလယ်ဒိုင်ကို ဒေါသတကြီးတုံ့ပြန်ခဲ့ကြသလို အဲ့ထဲမှာ ၃ ပတ်လောက်နားနေရခဲ့ရပြီးမှ ပြန်လာနိုင်ခဲ့တဲ့ ဘယ်လင်ဟမ်လည်း ပါဝင်ခဲ့ကာ တိုက်ရိုက်အနီကတ်ပြသခံခဲ့ရပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ဘာစီလိုနာဂန္ထဝင် ပီကေးက အခုလိုမျိုးပြောကြားခဲ့ပါတယ်။
 
“ကျွန်တော်တို့ ဒီလိဂ်ကဒိုင်တွေရဲ့အဆင့်အတန်းကို သိပြီးသားပါ။ သူက ကျွန်တော့်ကိုထုတ်ပယ်ခဲ့ဖူးပါတယ်။ ကျွန်တော် ဘာမှမပြောချင်ပါဘူး။ ဒါပေမယ့် ဒီပြဿနာက မပြီးသေးပါဘူး။ သူ့မှာသမိုင်းကြောင်းရှိနေပါတယ်။ ကျွန်တော်နားမလည်နိုင်တာတော့ဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ သူက နိုင်ငံတကာကွင်းလယ်ဒိုင်တစ်ဦးပါ။ သူ့အဆင့်အတန်းက ထိပ်တန်းအဆင့်မှာ ရှိနေသင့်တာပါ။ မနေ့တုန်းက သူလုပ်ခဲ့တာပထမဆုံး အကြိမ်မဟုတ်ပါဘူး။ မက်ဒရစ်ဘက်ကနေ ကျွန်တော်နားလည်ပေးနိုင်ပါတယ်။
သူ့အနေနဲ့ပွဲသိမ်းခရာကို စောစောစီးစီးမှုတ်သင့်တာပါ။ အဲ့တာက မှန်ကန်တဲ့ပွဲသိမ်းခရာမှုတ်တာမဟုတ်ပါဘူး။ နောက်ကျပွဲသိမ်းခရာပါ။ တကယ့်ကိုမယုံကြည်နိုင်စရာကောင်းပါတယ်”လို့ ပီကေးက ပြောကြားခဲ့ပါတယ်။
 
အန်ဆယ်လော့တီကလည်း ပွဲအပြီးမှာ “တစ်စုံတစ်ခုမကြုံဖူးတာဖြစ်လာသလို အဲ့မတိုင်ခင် ကျွန်တော်မဖြစ်ပါဘူး။ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုပြန်ရခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဂိုးမပေးခဲ့ပါဘူး။ ဘယ်လင်ဟမ်ရဲ့အနီကတ်ကိုလည်း ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ သူစွပ်စွဲပြောတာမျိုးမရှိခဲ့ပါဘူး။ အဲ့တာက စိတ်ပျက်စရာပါ။ ဗလန်စီယာဂိုးသမား ဘောလုံးရှင်းကတည်းက ခရာမှုတ်သင့်တာပါ။ အဲ့တာဆို မှန်ကန်ပါတယ်။ ဒါပေမယ့် ဆက်ကစားခိုင်းပြီး ဂိုးဝင်သွားတော့မှ မှုတ်တာက သူအမှားလုပ်ခဲ့တာလို့ ကျွန်တော်ထင်ပါတယ်”လို့ အန်ဆယ်လော့တီက ပြောကြားခဲ့ပါတယ်။