The network connection is lost.

Banner Image

လူး၀စ်ဒီယက်ဇ်ရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် မှားယွင်းစွာ သတ်မှတ်ခဲ့ကြောင်း ကြေငြာလိုက်တဲ့ PGMOL

PGMOL (ပရော်ဖက်ရှင်နယ်ဒိုင်အဖွဲ့) ဘက်က လီဗာပူးအသင်း တော့တင်ဟမ်ကို ၂-၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ VAR တာ၀န်ရှိသူဟာ လူး၀စ်ဒီယက်ဇ်ရဲ့ သွင်းဂိုးကို မှားယွင်းစွာ လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

 ဒိုင်လူကြီးရဲ့ ပြင်းထန်လှတဲ့ ဆုံးဖြတ်ချက်ကြောင့် ကာတစ်ဂျုံးဟာ ပွဲချိန် ၂၆ မိနစ်မှာ အနီကတ် ထိခဲ့သလို လူး၀စ်ဒီယက်ဇ်ရဲ့ ပထမပိုင်း သွင်းဂိုးကလည်း လူကျွံဘော အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ 

 

သိပ်မကြာမီမှာပဲ တော့တင်ဟမ်အတွက် ဆွန်ဟောင်မင်က ဦးဆောင်ဂိုး သွင်းသွားခဲ့ပြီး ဂတ်ပိုက ပထမပိုင်း မပြီးခင်မှာ ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။ အဲဒီနောက် ၆၉ မိနစ်မှာ ဂျိုတာ ၂ ဝါ ၁ နီနဲ့ ထုတ်ခံခဲ့ရပြီး ပထမအဝါကတ်က လုံး၀ကို မပြသင့်ခဲ့တဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ ၉ ယောက်ကျန် လီဗာပူးဟာ စပါးကို သရေ ကစားနိုင်လုနီးပါး ဖြစ်ခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ မာတစ်ရဲ့ ogဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ 

 

“PGMOLက တော့တင်ဟမ် VS လီဗာပူး ပွဲစဉ်ရဲ့ ပထမပိုင်းမှာ ထင်ရှားလှတဲ့ အမှား ဖြစ်ပွားခဲ့တယ်ဆိုတာ အသိအမှတ် ပြုပါတယ်။ လူး၀စ်ဒီယက်ဇ်ရဲ့ သွင်းဂိုးကို ကွင်းထဲက ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ ခွင့်မပြုခဲ့ပါဘူး။ ဒါဟာ VAR ရဲ့ ကြား၀င်မှုနဲ့ ဂိုးအဖြစ် သတ်မှတ်ပေးသင့်ပါတယ်။ VAR က ကြား၀င်ဖြေရှင်းရန် ပျက်ကွက်ခဲ့ပါတယ်။

 

PGMOL အနေနဲ့ ဒီအမှား ကျူးလွန်ရတဲ့ အကြောင်းရင်းကို အပြည့်အ၀ စုံစမ်းစစ်ဆေးသွားမှာပါ။ PGMOL ဟာ ပွဲအပြီးမှာ အမှားလုပ်မိခဲ့ကြောင်း လီဗာပူးကို ချက်ချင်းဆက်သွယ် အကြောင်းကြားခဲ့ပါတယ်။” လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။