
အင်တာမီယာမီအတွက် ပြိုင်ဘက်များနှင့် ဆက်ဆံရာတွင် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ ပြောကြားလိုက်တဲ့ လီယွန်နယ်မက်ဆီ
အင်တာမီယာမီကြယ်ပွင့် လီယွန်နယ်မက်ဆီက မေဂျာလိဂ်ဘောလုံးပွဲများအတွင်း ပြိုဘက်ကစားသမားများနှင့် ဆက်ဆံရာတွင် မည်ကဲ့သို့ဆက်ဆံကြောင်း ရှင်းပြခဲ့ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီတွင် ပီအက်စ်ဂျီမှ အင်တာမီယာမီသို့ ပြောင်းရွှေ့လာကတည်းက အာဂျင်တီးနားဂန္တဝင်ကစားသမားဟာ ပစ်မှတ်ထားခြင်းခံခဲ့ရပါတယ်။ ပြိုင်ဘက်တွေက အသက် ၃၆ နှစ်အရွယ် ကစားသမားထက် ကွင်းထဲမှာ ပိုကောင်းတဲ့ ကစားသမားတွေ ဖြစ်ချင်ကြပါတယ်။ ဒါဟာ ထိပ်တိုက်ရင်ဆိုင်မှုအချို့ကို ဖြစ်ပေါ်စေခဲ့ပေမယ့် ဘာစီလိုနာကြယ်ပွင့်က ပြိုင်ပွဲမှာ တည်ငြိမ်အောင် ဘယ်လိုကြိုးစားရမလဲဆိုတာကို ပြောပြခဲ့ပါတယ်။
အာဂျင်တီးနားသားက InfoBae သို့ "သိသိသာသာဒေါသထွက်လာပြီး တတ်နိုင်သလောက် တုံ့ပြန်လိုက်တဲ့ အခိုက်အတန့်တွေရှိပါတယ်။ ထိန်းမချုပ်နိုင်တဲ့ အခိုက်အတန့်တွေရှိပါတယ်။ နှလုံးခုန်နှုန်းကလည်း အရမ်းမြင့်နေပါတယ်။ ကျွန်တော်တို့အားလုံးက အနိုင်ရချင်ပြီး ကြိုးစားနေကြပါတယ်။ အဲ့ဒါအတွက် အစွမ်းကုန်လုပ်နေကြတာပါ။ ဒါကြောင့် အတတ်နိုင်ဆုံး တုံ့ပြန်ပါ။ ဒါပေမယ့် ပိုပြီးဒေါသထွက် ဒါမှမဟုတ် ဒေါသမထွက်တာကပွဲအပေါ် လွှမ်းမိုးမှု မရှိဘူးလို့ ကျွန်တော်ထင်တယ်။ ကျွန်တော် အမြဲတမ်းပြောသလိုပဲ ကွင်းထဲမှာက ဘာမဆိုဖြစ်နိုင်လို အဲ့ဒီထဲမှာပဲနေရမှာပါ။ ခင်များကို တွန်းတယ် တိုက်ခိုက်တယ်တာကလည်း အဲဒီမှာရပ်ပြီး အဆုံးသတ်ရပါလိမ့်မယ်" လို့ ပြောပါတယ်။
မက်ဆီဟာ အင်တာမီယာမီတွင်သာမက MLS တွင်လည်း ထူးချွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ သူဟာ အင်တာမီယာမီကို လိဂ်ဖလားအောင်မြင်မှုနှင့်အတူ ကလပ်ရဲ့ပထမဆုံးဆုဖလားရရှိဖို့ ဦးဆောင်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်က အမှတ်ပေးဇယားရဲ့အောက်ခြေမှာရှိခဲ့တဲ့ အသင်းက ယခုအခါ အရှေ့ပိုင်းကွန်ဖရင့်ရဲ့ထိပ်ဆုံးတွင် ရပ်တည်နေနိုင်ပါပြီ။ သူရောက်ရှိပြီးနောက် MLS တွင် ပရိသတ်ဝင်ရောက်မှု၊ ဝင်ငွေနှင့် ကြည့်ရှုသူများ တိုးတက်လာပြီး ဒါကထည့်သွင်းစဉ်းစားရမယ့် တွန်းအားတစ်ခုဖြစ်နေဆဲလို့ ထင်ရပါတယ်။
မက်ဆီဟာ အခုအချိန်မှာတော့ ကိုပါအမေရိကပြိုင်ပွဲမတိုင်ခင် အာဂျင်တီးနားအသင်းနဲ့ ပူးပေါင်းခဲ့ပါတယ်။ ဂန္ထဝင်တိုက်စစ်မှူးဟာ လာမယ့်ရက်သတ္တပတ်များအတွင်း MLS ပွဲစဉ်များတွင် ပါဝင်နိုင်မှာ မဟုတ်သော်လည်း သူ့ရဲ့အသင်းအတွက် ဆုဖလားရရှိဖို့ မျှော်လင့်နေမှာပါ။