
နိုင်ငံအသင်းလူစာရင်းကနေ လီဝန်ဒေါစကီးနုတ်ထွက်မှုအပေါ် ဝေဖန်လိုက်တဲ့ ပိုလန်ဂန္ထဝင်ဟောင်း
ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးတစ်ယောက် နိုင်ငံအသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အရေးကြီးနေချိန် လူစာရင်းကနေနုတ်ထွက်မှုအပေါ် ပိုလန်ဂန္ထဝင်ဟောင်း ဘိုနစ်ခ်က ဝေဖန်လိုက်ပါတယ်။
လာမယ့်ဇွန်လမှာကန်မယ့် နိုင်ငံအသင်းပွဲစဉ်တွေမှာ သူ့အနေနဲ့ ပါဝင်မှာမဟုတ်ဘူးဆိုတဲ့ကြေညာချက်အပေါ် ပိုလန်ဂန္ထဝင်ဟောင်း ဘိုနစ်ခ်က ဝေဖန်ပြောကြားခဲ့ပါတယ်။ ပိုလန်အသင်းဟာ လာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဖင်လန်အသင်းနဲ့အရေးပါတဲ့ပွဲကန်ရမှာဖြစ်ပါတယ်။ အခုအပတ်အစောပိုင်းတုန်းက အသက် ၃၆ နှစ်သားကိုယ်တိုင် သူ့အနေနဲ့ လာမယ့် မော်လ်ဒိုဗာ ၊ ဖင်လန်တို့နဲ့ကန်မယ့်ပွဲတွေမှာ ပိုလန်အသင်းနဲ့ပူးပေါင်းမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
လီဝန်ဒေါစကီးက သူ့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့် နုတ်ထွက်ခဲ့တာလို့ လူမှုမီဒီယာထံ ရှင်းပြခဲ့ပါတယ်။
“ချစ်ရသော ပရိသတ်တို့ရေ။ ကလပ်အသင်းအခြေအနေအကြောင်းကြောင်းကြောင့် နည်းပြ နဲ့ ကျွန်တော် ပူးပေါင်းပြီး ပိုလန်အသင်းမှာ မပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီအသင်းကိုကိုယ်စားပြုကစားခွင့်ရတာ အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် တစ်ချို့အချိန်တွေမှာ ခင်ဗျားခန္ဓာကိုယ်က အချက်ပေးတာကိုလည်း နားထောင်ရမှာဖြစ်ပြီး အနားယူဖို့ လိုအပ်ပါတယ်။
ကျွန်တော်အသင်းဖော်တွေကို နှလုံးသားနဲ့ကော ယုံကြည်မှုနဲ့ပါ အားပေးနေမှာပါ။ မကြာခင်မှာ ပြန်တွေ့ကြပါမယ်”လို့ ပိုလန်သားက ရေးသားတင်ခဲ့ပါတယ်။ ဒါပေမယ့် ဘိုနစ်ခ်က “ကျွန်တော် သူ့ရဲ့အားလပ်ရက်ထပ်ပေးချင်ပါတယ်။ သူကအသင်းခေါင်းဆောင်ပါ။ ကျွန်တော်သာဆိုရင် အဲ့လိုလုပ်မှာမဟုတ်ပါဘူး။ ရောဘတ်လုပ်ခဲ့ပေမယ့် ကျွန်တော်သူ့ကိုလေးစားပါတယ်။
ဒါပေမယ့် ကျွန်တော် ဒီအပြုအမူကိုတော့ မကြိုက်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။ ဒေါ့မွန် နဲ့ ဘိုင်ယန်စတားဟောင်းဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၄၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ဘာစီလိုနာ နဲ့ လီဝန်ဒေါစကီးတို့ကြား စာချုပ်သက်တမ်းက နောက်ဆုံးနှစ်ထဲရောက်လာပေမယ့် ၂၀၂၇ အထိ သက်တမ်းတိုးနိုင်မယ့်အခွင့်အရေးရှိနေတာဖြစ်ပါတယ်။