The network connection is lost.

Banner Image

မက်ဂွါရီကို အသင်းခေါင်းဆောင်ရာထူးပြန်ပေးဖို့တောင်းဆိုလာတဲ့ ရှမိုက်ကယ်

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ဂိုးသမားဟောင်း ပီတာရှမိုက်ကယ်က အသင်းရဲ့အသင်းခေါင်းဆောင်ရာထူးကို နောက်ခံလူ ဟယ်ရီမက်ဂွါဒီကိုပြန်ပေးဖို့ နည်းပြရူဘင်အာမိုရင်ကို တောင်းဆိုလာခဲ့ပါတယ်။ လက်ရှိယူနိုက်တက်အသင်းခေါင်းဆောင်ရာထူးကို ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ရယူထားတာဖြစ်ပြီး ပေါ်တူဂီလက်ရွေးစင်ဟာ ဒီရာသီမှာ နောက်ခံလူ ဒီလစ်ကလွဲပြီး အခြားကစားသမားတွေအားလုံးထက် အသင်းမှာ ကစားခွင့်ပိုမိုရရှိထားပါတယ်။ 

မကြာသေးမီက ရက်သတ္တပတ်အချို့က အာမိုရင်အနေနဲ့ ယူနိုက်တက်နည်းပြရာထူးနေထုတ်ပယ်ခံခဲ့မယ်လို့ သတင်းတွေထွက်ပေါ်ထားခဲ့ပေမယ့် ယခုအခါ ပရီးမီးယားလိဂ်မှာ ဆန်းဒါးလန်းနဲ့ လီဗာပူးတို့ကို ၂ ပွဲဆက်နိုင်ခဲ့တာကြောင့် ပေါ်တူဂီသားရဲ့အနာဂတ်ဟာ တည်ငြိမ်တဲ့အခြေအနေကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

လီဗာပူးကိုအနိုင်ရခဲ့တဲ့ အင်္ဂလန်ဒါဘီပွဲစဉ်မှာ ယူနိုက်တက်အတွက်အဖိုးတန်အနိုင်ဂိုးကို ယခင်က အသင်းခေါင်းဆောင်ဖြစ်ခဲ့ဖူးတဲ့ မက်ဂွါရီက ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပြီး ယခုအခါမှာ ရှမိုက်ကယ်က အင်္ဂလန်သားကို အသင်းခေါင်းဆောင်လက်ပတ် ပြန်လည်ပေးအပ်သင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ရှမိုက်ကယ်က "ကျွန်တော် မက်ဂွါရီကို ချီးကျူးလို့မဆုံးပါဘူး။ သူ့ကို ပွဲစဉ်တိုင်းမှာ ကစားစေချင်ပါတယ်။ ပြီးတော့ အသင်းခေါင်းဆောင်ပြန်ဖြစ်စေချင်ပါတယ်။ သူက ယူနိုက်တက်ရဲ့ခေါင်းဆောင်တစ်ယောက်ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေပိုင်ဆိုင်ထားသူပါ"

"သူက ယူနိုက်တက်မှာ အမြန်ဆုံးကစားသမားမဟုတ်သလို နည်းစနစ်ပိုင်းမှာလည်း အားနည်းချက်အချို့ရှိပေမယ့် အရင်တုန်းကလည်း အိုးလ်ထရက်ဖို့ဒ်မှာ ဒီလိုနောက်ခံလူမျိုးတွေ အောင်မြင်ခဲ့ကြတာပါပဲ။ မက်ဂွါရီက ယူနိုက်တက်ရဲ့ နံပါတ်တစ်နောက်ခံလူဖြစ်သင့်ပါတယ်။ သူက အခြားအသင်းဖော်တွေကို စကားပြောပေးပြီး ယုံကြည်မှုတွေယူဆောင်ပေးပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဖာနန်ဒက်စ်က အသင်းခေါင်းဆောင်ရာထူးနဲ့ မထိုက်တန်ကြောင်းကို ရှမိုက်ကယ်က "ဘရူနိုက အရမ်းကောင်းတဲ့ကစားသမားပါ။ ဒါပေမယ့် တစ်ခါတလေမှာ သူ့ရဲ့အမူအရာတွေကို ကျွန်တော်သဘောမကျပါဘူး။ သူက အသင်းဖော်တွေကို စကားကောင်းကောင်းပြောနိုင်ပေမယ့် တစ်ခါတလေမှာ သူ့ရဲ့တုံ့ပြန်ပုံတွေက မှားယွင်းမှုတွေရှိပါတယ်"

"မက်ဂွါရီမှာတော့ အဲဒီလိုတုံ့ပြန်မှုတွေမရှိပါဘူး။ သူကအမြဲတမ်း တည်ငြိမ်နေပါတယ်။ ကျွန်တော်ဒါကို ပွဲကစားချိန်အတွင်းမှာပဲ ပြောတာပါ။ မက်ဂွါရီက ကွင်းထဲမှာ အသင်းဖော်တွေကို အမြဲတမ်းအကူအညီပေးနေတဲ့ကစားသမားပါ။ လီဗာပူးနဲ့ပွဲမှာ သူဂိုးသွင်းနိုင်ခဲ့လို့ ကျွန်တော်အရမ်းပျော်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။