The network connection is lost.

Banner Image

ထိပ်ဆုံးလေးသင်းစာရင်းဝင်ရောက်မှုက ကြီးမားတဲ့အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့တဲ့ ပက်ဂွါဒီယိုလာ

ချန်ပီယံဆုများရှင်ပက်ဂွါဒီယိုလာက အခုဘောလုံးရာသီ၊ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကြောင့် ထိပ်ဆုံးလေးသင်းစာရင်းဝင်ရောက်မှုနဲ့အတူ ရာသီပိတ်သိမ်းနိုင်ခြင်းဟာ မန်စီးတီးအတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ရပ်ဖြစ်လာလိမ့်မယ်လို့ စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။ ပက်ဂွါဒီယိုလာက ကစားသမားဘဝ၊ နည်းပြဘဝတို့မှာ ဆုဖလားအောင်မြင်မှုစုစုပေါင်း ၅၇ ကြိမ်အထိ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့အသင်းက ကြယ်ပွင့်ကစားသမားတွေရဲ့ပုံစံကောင်းပျောက်ဆုံးမှု၊ ကာလရှည်ဒဏ်ရာပြဿနာထိုးနှက်မှုတွေကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးနဲ့ ၁၇ မှတ်အထိ ကွာဟသွားခဲ့ပါတယ်။

ဒီည၊ လီဗာပူးနဲ့ပဲရင်ဆိုင်သွားရမယ့် ပွဲစဉ်အတွက် ကာလရှည်ဒဏ်ရာရရှိနေတဲ့ ရိုဒရီ၊ ဂျွန်စတုန်းစ်၊ အကန်ဂျီတို့ လွဲချော်ဖို့ရှိနေပြီး ဟာလန်းကိုယ်တိုင်လည်း ပါဝင်ကစားနိုင်ဖို့ မသေချာတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒါ့အပြင် ဒီဘရိုင်း၊ ဒီယက်စ်၊ အကီအပါအဝင် အဓိကကစားသမားအများစုက ဘောလုံးရာသီအစိတ်အပိုင်းအများစုကို လွဲချော်ခဲ့ပြီး ရုန်းကန်ခဲ့ရတဲ့ ကပ္ပတိန်ကိုင်လ်ဝေါ်လ်ကာလည်း အေစီမီလန်အသင်းဆီ ထွက်ခွာသွားခဲ့ပါတယ်။

အမှတ်ပေးဇယားတတိယနေရာ၊ စတုတ္ထနေရာနဲ့ ရာသီပိတ်သိမ်းနိုင်မှုဟာ သူ့အတွက် ဂုဏ်ယူစရာဖြစ်လာနိုင်သလားလို့ Mail Sport ရဲ့မေးမြန်းလာမှုကို ပက်ဂွါဒီယိုလာက “ wow… တကယ့်ကို မယုံကြည်နိုင်စရာပါပဲ။ ဒါက ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်လာလိမ့်မယ်ဆိုတာ ရာနှုန်းပြည့်သေချာပါတယ်။ ခင်ဗျားကိုလည်း ညစာစားပွဲအတွက် ဖိတ်လိုက်ပါမယ်၊ စားသောက်ဆိုင်ရွေးလိုက်ပါ၊ ကျွန်တော် ရှင်းပါမယ်။

အဓိကပစ်မှတ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ပါပဲ။ ဒါက ကြီးမားတဲ့အောင်မြင်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။ ကျွန်တော့်ရဲ့စိတ်ကူးထဲမှာလည်း ဒီအတိုင်းဖြစ်လာလိမ့်မယ်လို့ ယူဆထားပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့အရှိတရားကသာ ကျွန်တော်တို့ ဘယ်နေရာမှာရှိမလဲဆိုတာ အဆုံးအဖြတ်ပေးပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ပက်ဂွါဒီယိုလာက အခုရာသီ၊ တစ်ခုတည်းသောဆုဖလားလမ်းကြောင်းအဖြစ် အက်ဖ်အေဖလားပြိုင်ပွဲသာ ကျန်ရှိမှုနဲ့အတူ လက်တွေ့အရှိတရားနဲ့မကင်းကွာသွားဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

“ကျွန်တော် သူတို့ကို အမှန်တရားအတိုင်း ရှုမြင်ထားဖို့ ပြောပြပါတယ်။ ကျွန်တော့်ဘ၀ နောက်ဆုံးအချိန်တွေကို ကျွန်တော်တို့ ပထမဆုံးအကြိမ် ရုန်းကန်ခဲ့ရတဲ့အကြောင်း စဉ်းစားရင်း ဖြတ်သန်းမှာမဟုတ်သလို အဲ့ဒီအတွက် ဂရုလည်းမစိုက်ပါဘူး။ ရုန်းကန်ရတာတွေကို ကျွန်တော် ဂရုစိုက်နေမှာမဟုတ်ဘဲ ဒီအသင်းမှာသာ နောက်ဆုံးအချိန်အထိ ရှိနေမှာပါ”လို့ ပြောပါတယ်။