The network connection is lost.

Banner Image

ချဲလ်ဆီးအတွက် ပါဝင်ကစားပေးဖို့ ပြင်းပြင်းထန်ထန်ကြိုးစားအားထုတ်နေခဲ့တဲ့ ဂျော်အိုပက်ဒရို

စတမ်းဖို့ဘရစ်ချ်ဆီ ပြောင်းရွှေ့ရမယ့် အိပ်မက်တစ်ခု အမှန်တကယ်အသက်ဝင်လာချိန်မှာ အားလပ်ရက်အဖြစ် ဘရာဇီးနိုင်ငံဆီ ရောက်ရှိနေခဲ့တယ်လို့ ချဲလ်ဆီးတိုက်စစ်မှူးဂျော်အိုပက်ဒရိုက ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ဘရိုက်တန်မှ ပြောင်းရွှေ့ကြေးပေါင်သန်း ၆၀ ဖြင့် ရောက်ရှိလာခဲ့တဲ့ အသက်-၂၃ နှစ်အရွယ်ကစားသမားက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ဆီမီးဖိုင်နယ်မှာ ငယ်ဘဝကလပ်အသင်းဖြစ်တဲ့ ဖလူမီးနိစ်နဲ့ရင်ဆိုင်မယ့် သူ့ရဲ့ကလပ်အသင်းသစ်အတွက် ပွဲဦးထွက်ကို ပါဝင်ကစားပေးနိုင်ဖွယ် ရှိပါတယ်။

BBC Sport နဲ့အင်တာဗျူးအတွင်း သူ့ရဲ့လက်ရှိအခြေအနေကိုမေးမြန်းရာ ဂျော်အိုပက်ဒရိုက “ ကျွန်တော်က အားလပ်ရက်ရနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ပွဲထွက်ကစားခွင့်ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ အမြဲတမ်းလိုလို လေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့ပါတယ်။ ပွဲထွက်ခွင့်ပေး၊မပေးဆိုတာကို ကျွန်တော် မဆုံးဖြတ်နိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်စွမ်းကိုယ်စတိုးတက်လာဖို့နဲ့ မာရက်စ်ကာအတွက် အဆင်သင့်ဖြစ်နေဖို့ ကြိုးစားသွားရပါလိမ့်မယ်။ သူ့အတွက် ကျွန်တော်လိုအပ်မလားဆိုတာ မနက်ဖြန်ပွဲစဉ်မှာ မြင်တွေ့ရပါလိမ့်မယ်။

ကျွန်တော်က ဘရာဇီးမှာ သူငယ်ချင်းတွေနဲ့အတူ ရှိနေခဲ့ပါတယ်။ ရီယိုဒီဂျနေရိုးမှာဆိုရင် ကျွန်တော့်အတွက် လေ့ကျင့်ရေးနည်းပြတစ်ဦး သီးသန့်ရှိပါတယ်။ လေ့ကျင့်မှုတွေရှိနေခဲ့လို့ အဆင်သင့်လည်း ဖြစ်နေပါပြီ။ စိတ်ကူးကြည့်လိုက်ပါ၊ ကျွန်တော့်အတွက် ချဲလ်ဆီးက အခွင့်အရေးပေးလာချိန် ကျွန်တော်သာ လေ့ကျင့်မှုတွေ မလုပ်ထားဘူးဆိုရင် အတော်လေးအခက်တွေ့ပါလိမ့်မယ်။ ကျွန်တော်က မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အားလပ်ရက်ယူနေခဲ့ပေမယ့် အဆင်သင့်ဖြစ်နေပြီဆိုတာတော့ သေချာပါတယ်။

ချဲလ်ဆီးရဲ့စိတ်ဝင်စားမှု ကို သိရှိထားလို့ ကျွန်တော် ပြင်းပြင်းထန်ထန်လေ့ကျင့်နေခဲ့တာပါ။ ချဲလ်ဆီးက ကျွန်တော့်ကို ခေါ်ယူလိုက်ချိန် ကျွန်တော့်မှာ ရာနှုန်းပြည့်မဟုတ်ဘူးဆိုရင်တောင် အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းဖို့ လုံလောက်တဲ့ အဆင်သင့်ဖြစ်မှုမျိုး ရှိနေခဲ့ပါပြီ”လို့ ပြောပါတယ်။

ဒါ့အပြင် ဂျော်အိုပက်ဒရိုက ဖလူမီးနိစ်နဲ့ပွဲစဉ်မှာ သူဂိုးသွင်းယူနိုင်မယ်ဆိုရင် အောင်ပွဲမခံဖို့ ရွေးချယ်ခဲ့ပြီး ကစားသမားဘဝတလျှောက်တိုးတက်မှုတွေအတွက် ငယ်ဘဝကလပ်အသင်းရဲ့အခန်းကဏ္ဍကို အရမ်းကျေးဇူးတင်ပါတယ်လို့ ဆက်ပြောခဲ့ပါတယ်။