The network connection is lost.

Banner Image

အဲရစ်တန်ဟက်အား နည်းပြအဖြစ်ဆက်ထားဖို့ ယူနိုက်တက်ရဲ့ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်လိုက်တဲ့ ပေါလ်စခိုး

ယူနိုက်တက်အတွက် ဆိုးရွားတဲ့ရာသီအစ အပြီးတွင် တန်ဟက်ရဲ့ အနေအထားက ပြင်းထန်တဲ့ စောင့်ကြည့်ခြင်းခံခဲ့ရပြီး ကလပ်ကလည်း အဆင့် ၈ နေရာဖြင့် ရာသီပိတ်သွားခဲ့ကာ ပရီးမီးယားလိဂ်တွင် အသင်းရဲ့အဆိုးရွားဆုံး ရာသီတစ်ခုဖြစ်ခဲ့ပါတယ်။

သို့သော်လည်း တန်ဟက်ဟာ ပြီးခဲ့တဲ့လက အက်ဖ်အေဖလားဖိုင်နယ်တွင် မန်စီးတီးကို အံ့အားသင့်ဖွယ် ၂-၁ ဂိုးဖြင့်အနိုင်ရရှိကာ ရာသီကိုအမြင့်ဆုံးဖြင့် အဆုံးသတ်နိုင်ခဲ့ပြီး ၂ နှစ်အတွင်း ဒုတိယမြောက်ဆုဖလားကို ရရှိဖို့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဝင်ဘာလေတွင် ဘယ်လိုရလဒ်ပဲထွက်ထွက် နည်းပြအဖြစ်မှ ထုတ်ပယ်ခံရမယ်လို့ ယူနိုက်တက်ရဲ့နိုင်ပွဲ မတိုင်မီ သတင်းတွေထွက်ခဲ့သော်လည်းဆာဂျင်မ်ရက်ကလစ်ဖ်ကတော့ ပွဲအပြီးမှာ နယ်သာလန်သားနည်းပြနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားဖို့ ငြင်းဆိုခဲ့တာကြောင့် ကောလာဟလတွေကို ပိုမိုကြီးထွား စေခဲ့ပါတယ်။

အားလပ်ရက်အဖြစ် တန်ဟက်က အိုင်ဘစ်ဇာတွင် ရှိနေချိန် ယူနိုက်တက်ရဲ့လက်ရှိနည်းပြအပေါ် သုံးသပ်မှုပြုလုပ်နေချိန်မှတော့ ပိုချက်တီနို၊ ဆောက်ဂိတ်၊ တူချယ်နှင့် မက်ကန်နာတို့နှင့် ချိတ်ဆက်မှုများရှိနေခဲ့ပါတယ်။ ဒါပေမယ့် အေဂျက်စ်နည်းပြဟောင်းက သူ့မှာ အိုးထရက်ဖို့ဒ်က အကြီးအကဲတွေရဲ့ ကျောထောက်နောက်ခံနှင့်အတူ ၂၀၂၄-၂၅ ရာသီမှာ ဆက်ရှိနေမှာဖြစ်တာကြောင့် နောက်ဆုံးမှာ ကောလာဟလတွေရပ်တန့်သွားတဲ့အပေါ် ယူနိုက်တက်ဂန္တဝင်ကစားသမား ပေါလ်စခိုးက ကျေနပ်နေပါတယ်။

သို့သော်လည်း အိုးထရက်ဖို့ဒ်အိပ်မက်ဇာတ်ရုံတွင် ၁၁ ကြိမ် ပရီးမီးယားလိဂ်ဆုရှင်ဖြစ်ခဲ့တဲ့ ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်းက ပရိသတ်တွေအနေနဲ့ အသင်းက တန်ဟက်နှင့်အတူ ရှေ့ဆက်သွားမှာကို ပိုမိုထိုက်တန်တယ်လို့ ထင်နေပါတယ်။

"ပဲလေ့စ်နဲ့ကစားခဲ့တဲ့ အဝေးကွင်းပွဲမှာ ပြီးဆုံးသွားသလို ခံစားခဲ့ရပေမယ့် ဒီသတင်းကို ကြားရတာ ဝမ်းသာပါတယ်"လို့ စခိုးက သူ့ရဲ့ အင်စတာဂရမ်စတိုရီတွင် ပို့စ်တင်ထားပေမယ့် အခုတော့ ဖျက်လိုက်ပြီဖြစ်ပါတယ်။  "ကြီးကြီးမားမား တိုးတက်မှုတွေ လိုအပ်ပေမယ့် အနည်းဆုံးတော့ ကျွန်တော်တို့မှာ ဆက်လုပ်စရာ နည်းနည်းတော့ ရှိပြီး ခေတ်သစ်အတွက် စောင့်ဆိုင်းနေစရာ မလိုပါဘူး" "ပရိသတ်တွေက သူနဲ့ ကစားသမားတွေကို မယုံနိုင်လောက်တဲ့ ပံ့ပိုးမှုတွေပေးခဲ့ပြီး နောက်ရာသီ ပိုကောင်းတာတွေရဖို့ ထိုက်တန်ပါတယ်"လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီလတွင် ကလပ်ရဲ့တစ်စိတ်တစ်ပိုင်းကို ပေါင် ၁.၃ ဘီလီယံဖြင့် လွှဲပြောင်းရယူခဲ့တဲ့ ရက်ဖ်ကလစ်ဟာ ဂျေဆန်ဝီလ်ကော့နှင့် အိုမာဘာရာဒါတို့ကဲ့သို့သူတွေကို ခန့်အပ်မှုအဖြစ် အပြောင်းအလဲများကိုလုပ်ခဲ့ပြီး ဒန်အက်ရှ်ဝပ်ကလည်း အသားကျလာအောင် လုပ်ဆောင်တော့မှာဖြစ်ပါတယ်။ ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း နီမန်ဂျာဗီဒစ်က သူမြင်တွေ့ခဲ့ရတာတွေကို သဘောကျခဲ့ပြီး INEOS ရဲ့ ဥက္ကဋ္ဌနဲ့ စီအီးအိုဖြစ်တဲ့ ဘီလီယံနာက ကလပ်ကို အရင်ကဂုဏ်ပုဒ်တွေကို ပြန်လည်ရရှိရန် ထိန်းကျောင်းပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

"ဆာဂျင်မ်ရက်ဖ်ကလစ်ရဲ့ ချဉ်းကပ်မှုလို့ ကျွန်တော်ထင်ပါတယ်။ အဲဒီချဉ်းကပ်မှုကို သဘောကျပါတယ်။ သူက ဖြည်းဖြည်းချင်းသွားနေတာ သိသာပါတယ်။ သူက အူကြောင်ကြောင် ဆုံးဖြတ်ချက်တွေ ချမှာ မဟုတ်ပါဘူး" "ဌာနအသီးသီးကို တာဝန်ခံရမယ့် လူတစ်စုကို ဖန်တီးချင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ယူနိုက်တက်ဟာ မတူညီတဲ့ဌာနတွေရှိတဲ့ ကြီးမားတဲ့ကလပ်အသင်းဖြစ်ပြီး အဆိုပါဌာနများနှင့် ကောင်းမွန်သောဆက်ဆံရေးရှိရန် လိုအပ်ပါတယ်" "သူက မှန်ကန်တဲ့လူကို ရွေးချယ်နိုင်ဖို့ မျှော်လင့်မိပြီး ကျွန်တော်တို့ အားလုံး မျှော်လင့်ထားသလို ယူနိုက်တက်အသင်း ပြန်ဖြစ်လာဖို့ အချိန်ယူရလိမ့်မယ်လို့ မျှော်လင့်ပါတယ်" "သူဟာ အားကစားသာမကဘဲ စီးပွားရေးသမားတစ်ယောက်အနေနဲ့ပါ သူ့ရဲ့အသိပညာနဲ့ ခေါင်းဆောင်မှုဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သူကိုယ်တိုင်သိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ ယူနိုက်တက်နောက်ခံလူဟောင်းက Sky Sports သို့ ပြောကြားခဲ့ပါတယ်။