The network connection is lost.

Banner Image

ပေါင် ၆၂ သန်းတန် ချဲလ်ဆီးအသင်းရဲ့ပစ်မှတ်ကိုခေါ်ယူဖို့ ယူနိုက်တက်အား ပြောကြားလိုက်တဲ့ အာမိုရင်

အိုးထရက်ဖို့ဒ်သို့ရောက်လာတဲ့အစပိုင်းမှာ အာမိုရင်ဟာ ယူနိုက်တက်ပရိသတ်တွေ ခံစားနေရတဲ့ စိတ်ပျက်မှုတွေကို အဝေးသို့ ပို့ပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ စိတ်အားတက်ကြွဖွယ်ရာအဖြစ် မြို့ခံပြိုင်ဘက် မန်စီးတီးကို အနိုင်ရရှိခဲ့သော်လည်း ကာရာဘောင်းဖလားကွာတားဖိုင်နယ်အဖြစ် တော့တင်ဟမ်အား အိမ်ကွင်းမှာ ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲပါတယ်။ ဒါကြောင့် တန်ဟက်ကို ထုတ်ပယ်ပြီးကတည်းက အသင်းသို့ရောက်လာပြီးနောက် အာမိုရင်ဟာ ကိုင်တွယ်ထားတဲ့ ပွဲစဉ် တစ်ဝက်ကို အနိုင်ရရှိထားတာဖြစ်ပါတယ်။

ဘုန်းမောက်အား ရှုံးနိမ့်ပြီးနောက် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကောင်းကောင်းသိပြီး ယူနိုက်တက် ထိပ်ဆုံးသို့ပြန်လည်ရောက်ရှိဖို့အတွက် ဘာလုပ်ရမလဲဆိုတာ သိနေပြီဖြစ်ပါတဘ်လို့ ပြောကြားလိုက်ပါတယ်။ သူ့ရဲ့အကြံဉာဏ်တွေကို အသင်းမှာအကောင်ထည်ဖော်ဖို့အတွက် ပေါ်တူဂီနိုင်ငံသားက အချိန်ယူမှာဖြစ်ပြီး ဇန်နဝါရီလမှာတော့ ခေါ်ယူချင်နေတဲ့ ကစားသမားအချို့ကို ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

Sky Sport Germany ရဲ့ဖော်ပြချက်အရ အာမိုရင်ဟ လက်ရှိအသင်းရဲ့တိုက်စစ်ကို စိတ်ပျက်နေပြီး ဟွိုက်လန်းကလည်း ရုန်းကနေရသလို ဇက်ဇီကလည်း စိတ်ပျက်ဖွယ်ရာဖြစ်နေတာဖြစ်ပါတယ်။ ဇန်နဝါရီဈေးကွက်မှာ အာမိုရင်ဟာ အသင်းရဲ့တိုက်စစ်ကို မြှင့်တင်လိုနေပြီး အိုဆီမန်ကို လိုချင်ကြောင်း ယူနိုက်တက်ထံ ရှင်းရှင်းလင်းလင်းပြောကြားထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၃ ရာသီအတွင်း ဥရောပမှာ အိုဆီမန်ဟာ ခြေစွမ်းတည်ငြိမ်တဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး နာပိုလီအတွက် ၁၃၃ ပွဲကစား ၇၆ ဂိုး သွင်းယူပေးခဲ့ပါတယ်။ နာပိုလီနည်းပြ ကွန်တီနှင့် သဘောထားကွဲလွဲပြီးနောက် စီးရီးအေကလပ်ကနေထွက်ခွာကာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဂါလာတာစာရေးသို့ အငှားဖြင့် ပြောင်းရွှေ့သွားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်ရဲ့ပြိုင်ဘက် ချဲလ်ဆီးနှင့်အပြောင်းအရွှေ့ကိစ္စပျက်ပြယ်ပြီးနောက် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ တူရကီသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ နေပယ်ရှိ ချဲလ်ဆီးကိုယ်စားလှယ်တွေဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် အိုဆီမန်နှင့် သဘောတူညီမှု မရရှိခဲ့တာဖြစ်ပါတယ်။

အိုဆီမန်ကတော့ ဂါလာတာစာရေးသို့ တစ်ရာသီအငှားဖြင့် ပြောင်းသွားခဲ့ပြီး တိုက်စစ်မှူးကို အပြီးသတ်ရောင်းချနိုင်ဖို့အတွက် ဇန်နဝါရီမှာ နာပိုလီက ပြန်ခေါ်နိုင်နေတာဖြစ်ပါတယ်။ Sky Sport Germany ရဲ့ အဆိုအရ ယူနိုက်တက်ဟာ အိုဆီမန်နှင့် သဘောတူညီမှုရရှိဖို့ မည်သည့်ပြဿနာမျှ မရှိနေတာဖြစ်ပေမယ့် ပေါင် ၆၂ သန်း သတ်မှတ်ထားတဲ့ နာပိုလီနှင့် သဘောတူညီမှုရရှိဖို့အတွက် ကြိုးစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဈေးကွက်အတွင်း ကွင်းလယ်ကစားသမားသစ်နှင့် ဘယ်နောက်ခံလူသစ် တစ်ဦးစီကိုလည်း ခေါ်ယူချင်နေတာကြောင့် ငွေကြေးများများစားစား အသုံးမပြုလိုနေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နည်းပြသစ်လက်အောက်မှာ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို ရောင်းချပြီး အပြောင်းအရွှေ့အတွက် ငွေကြေးရရှိဖို့ အသင်းရဲ့လူစာရင်းကို‌ လျော့ချမှာ ဖြစ်ပါတယ်။ အဆင့် ၁၃ မှာရှိနေတဲ့ ယူနိုက်တက်ဟာ ဘောက်ဆင်ဒေးမှာ ဝုဗ်နှင့် ကစားရမှာဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက်နေ့မှာ နယူးကာဆယ်နှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။