The network connection is lost.

Banner Image

အိုလီဝက်ကင်းစ်နဲ့ ဘင်ဂျမင်ဆက်ဆခိုတို့နှစ်ယောက်ထဲမှ တစ်ယောက်ကိုအမိအရခေါ်ယူသွားဖွယ်ရှိတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း တိုက်စစ်ကစားသမား ၂ ဦးကို တန်ကြေးမြင့်မြင့်မားမားနဲ့ ခေါ်ယူထားပြီးဖြစ်ပေမယ့် နံပါတ် ၉ နေရာအတွက် ထပ်မံအင်အားဖြည့်တင်းနိုင်ဖို့ရည်ရွယ်ထားတာကြောင့် အက်စတွန်ဗီလာကြယ်ပွင့် အိုလီဝက်ကင်းစ်နဲ့ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျင်မင်ဆက်ဆခိုတို့နှစ်ယောက်ထဲမှ တစ်ယောက်ကို အမိအရခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

The Athletic  သတင်းဌနာကတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ဝါရင့်နေပြီဖြစ်တဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းစ်ကိုခေါ်ယူဖို့ ပိုမိုအလားအလာများနေတယ်လို့ ဖော်ပြထားပါတယ်။ သို့သော်လည်း ယူနိုက်တက်အနေနဲ့ ကစားသမားသစ်ထပ်မံခေါ်ယူလိုပါက အသင်းမှ ကစားသမားတွေကို အရင်ရောင်းချနိုင်ဖို့ လိုအပ်နေသေးတာဖြစ်ပါတယ်။ 

ဗီလာဟာ ဝက်ကင်းစ်ရဲ့တန်ကြေးကို ပေါင်သန်း ၆၀ အထိသတ်မှတ်ထားပေမယ့် ကစားသမားအနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ ဆန္ဒရှိမယ်ဆိုတာပါက ယူနိုက်တက်ဟာ ပေါင် ၄၅ သန်းဝန်းကျင်နဲ့ခေါ်ယူသွားနိုင်ချေရှိပါတယ်။ တစ်ဖက်မှာလည်း ယူနိုက်တက်ဟာ ဆက်ဆခိုရဲ့ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပြီး အပြောင်းအရွှေ့အတွက် စတင်လှုပ်ရှားနေပြီလို့ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုက အသိပေးထားပါတယ်။ 

ကစားသမားသစ်တွေထပ်မံခေါ်ယူဖို့ကြိုးစားနေတဲ့ ယူနိုက်တက်ဟာ အသင်းရဲ့ကြယ်ပွင့်တွေဖြစ်တဲ့ ဂါနာချို၊ ဆန်ချို၊ အန်တိုနီနဲ့ မာလာစီယာတို့ကို ရောင်းချပြီး ဘဏ္ဍာငွေရှာဖွေဖို့လည်း လိုအပ်နေပါသေးတယ်။ ယူနိုက်တက်အနေနဲ့ ဂါနာချိုနဲ့ အန်တိုနီတို့ကို အပြီးသတ်ရောင်းချနိုင်ပါက ဝက်ကင်းစ် ဒါမှမဟုတ် ဆက်ဆခိုကိုခေါ်ယူဖို့ လုံလောက်တဲ့ငွေကြေးပမာဏကို ရရှိသွားမှာဖြစ်ပါတယ်။ 

လာမယ့်သောကြာနေ့မှာတော့ ယူနိုက်တက်ဟာ ဒုတိယမြောက်ရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် အမေရိကန်မြေမှာ ပရီးမီးယားလိဂ်ကလပ် ဘုန်းမောက်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။