The network connection is lost.

Banner Image

နည်းပြလောကသို့ ဘက်ဆစ်တပ်နှင့်အတူ ပြန်လည်ဝင်ရောက်လာတဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားဟာ အိုးထရက်ဖို့ဒ်ကနေ ထုတ်ပယ်ခြင်းခံရပြီးနောက် ၃ နှစ်ကျော်ကြာမှာတော့ ဘောလုံးလောကသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ အသက် ၅၁ နှစ် အရွယ် ဆိုးလ်ရှားဟာ တူရကီဘီလူးကြီး ဘက်ဆစ်တပ်ကို ကိုင်တွယ်မှာဖြစ်ပြီး သောကြာနေ့နံနက်တွင် ကလပ်ရဲ့ပဝါကို ဝတ်ဆင်ပြီးနောက် သူ့ရဲ့ခန့်အပ်မှုကို အတည်ပြုခဲ့ပါတယ်။

အဆိုပါဓာတ်ပုံကို ဘက်ဆစ်တပ်ရဲ့တရားဝင် X အကောင့်တွင်တင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်ယူနိုက်တက်မှ ထွက်ခွာသွားပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတဲ့ ဆိုးလ်ရှားဟာ စာချုပ်ချုပ်ဆိုခဲ့ပြီ ဖြစ်ပါတယ်။ သောကြာနေ့အစောပိုင်းက အစ္စတန်ဘူလ်သို့ရောက်ခဲ့ပြီး တာဝန်ရှိသူအများအပြားရဲ့ ကြိုဆိုနှုတ်ဆက်ခြင်းခံခဲ့ရတဲ့ နော်ဝေနိုင်ငံသားနှင့် ဆွေးနွေးမှုစတင်ခဲ့ကြောင်း အတိုချုံးထုတ်ပြန်ချက်တစ်ခုတွင် ကလပ်အသင်းက အတည်ပြုခဲ့ပါတယ်။

"ဒီမှာနေရတာ အရမ်းပျော်ပါတယ်" လို့ ဆိုးလ်ရှားက လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ "ဒီက ကြီးကျယ်ခမ်းနားတဲ့ ကလပ်အတွက် လူတွေအများကြီး ရှိနေရတာ အရမ်းကောင်းပါတယ်။ ကျွန်တော်တို့က ပထမဆုံး အစည်းအဝေးတွေကို လုပ်ပြီးသွားပါပြီ"
"ကျွန်တော် အလုပ်စလုပ်ဖို့ မျှော်လင့်နေပါတယ်။ ဒီမြို့ကြီးမှာ နေရတာက ကောင်းပါတယ်" လို့ ဆိုးလ်ရှားက ပြောပါတယ်။

ဆိုးလ်ရှားဟာ ကစားသမားဘဝတွင် ယူနိုက်တက်ရဲ့ ဂန္ထဝင်အဆင့်အတန်းကို ခံစားရပြီး ကလပ်အသင်းမန်နေဂျာအဖြစ် ၁၆၈ ပွဲတွင် ၉၁ ပွဲအနိုင်ရရှိကာ ၂၀၂၀-၂၁ ရာသီတွင် ပရီးမီးယားလိဂ်ဒုတိယနေရာနှင့် ယူရိုပါလိဂ်ဖိုင်နယ်သို့ ပို့ဆောင်ပေးခဲ့ပါတယ်။
ကာဒစ်ဖ်စီးတီးနှင့် ဇာတိမြေက မိုလ်ဒီကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဆိုးလ်ရှားဟာ မကြာသေးမီလများအတွင်း အသင်းများစွာဖြင့် ချိတ်ဆက်ခဲ့ပြီး တိုက်စစ်မှူးဟောင်းဟာ လက်စတာနှင့် ဝက်စ်ဟမ်းတို့ကို ကိုင်တွယ်မယ်လို့လည်း တစ်ပေး ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒီဇင်ဘာလတွင် အစ်ဆွစ်နှင့်ပွဲတွင် တာဝန်ယူခဲ့တဲ့ အိုနေးလ်ရဲ့နောက်ဆုံးပွဲအတွက် Molineux တွင်ပင်တွေ့ခဲ့ရသော်လည်း ယူနိုက်တက်မှာတုန်းက သူ့ရဲ့လက်ထောက်နည်းပြဖြစ်ခဲ့ဖူးသူ မက်ကန်နာကို အားပေးဖို့အတွက် ရောက်ရှိနေတာဖြစ်ကြောင်း နောက်ပိုင်းတွင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ဘက်ဆစ်တပ် စာချုပ်သက်တမ်းနှင့် ပတ်သက်၍ တရားဝင် အတည်ပြုချက် မရသေးသော်လည်း ၂၀၂၆ ခုနှစ်အထိ တစ်နှစ်ခွဲ စာချုပ်ချုပ်ဆိုရန် မျှော်လင့်ရပါတယ်။
တူရကီအသင်းကြီးဟာ ပြီးခဲ့တဲ့လက ရိန်းဂျားစ်နည်းပြဟောင်း ဂျီယိုဗန်းနီဗန်ဘရွန်ဟော့စ်ကို ထုတ်ပယ်ခဲ့ပြီးကတည်းက မန်နေဂျာမရှိခဲ့တာဖြစ်ပါတယ်။

ယခု အပြောင်းအရွှေ့မှာ ဆိုးလ်ရှားဟာ ဥရောပရဲ့ ၁၀ ခုမြောက် အကောင်းဆုံး လိဂ်အဖြစ် အဆင့်သတ်မှတ်ထားရတဲ့ တူရကီစူပါလိဂ်တွင် မော်ရင်ဟိုနှင့် ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ လက်ရှိတွင် ဘက်ဆစ်တပ်ရဲ့ အစ္စတန်ဘူလ်ပြိုင်ဘက် ဖီနာဘာချီကို တာဝန်ယူထားပြီး နည်းပြ ဆိုးလ်ရှားဟာ အိုးထရက်ဖို့ဒ်မှာတုန်းက မော်ရင်ဟိုနေရာကို ဆက်ခံခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီး၊ တော့တင်ဟမ်နဲ့ ယူနိုက်တက် နည်းပြဟောင်း မော်ရင်ဟိုဟာ တူရကီနိုင်ငံကို ရောက်ရှိနေတဲ့အချိန်တွင် ပုံမှန်အတိုင်းပဲ စည်းမျဥ်းစည်းကမ်းတွေက အဆိပ်အတောက်ဖြစ်စေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး မကြာသေးမီက လိဂ်ကို ဝေဖန်ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားဟာ လာမည့်စနေနေ့တွင် ဘက်ဆစ်တပ်ရဲ့ လိဂ်ပွဲစဉ်ဖြစ်တဲ့ ဆမ်ဆန်ပေါနှင့်ပွဲစဉ်ကို ပွဲကြည့်စဉ်မှ ကြည့်ရှုနိုင်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် ကစားမယ် ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုနှင့်ပွဲမှာတော့ ပထမဆုံး တာဝန်ယူနိုင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် သူက ခက်ခဲတဲ့ရာသီကို ကြံ့ကြံ့ခံပြီး ယူရိုပါလိဂ်အုပ်စုအဆင့်မှာ အဆင့် ၂၈ တွင်ရှိနေတဲ့ ဘက်ဆစ်တပ်ကို ကိုင်တွယ်ရမှာဖြစ်ပြီး လိဂ်မှာ အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။

ဘက်ဆစ်တပ်မှာ ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း ချိန်ဘာလိန်၊ ဂျာအိုမာရီနို နှင့် မက်ဆူကူတို့  ရှိနေပါတယ်။ နိုဝင်ဘာလ အာမိုရင် မရောက်ရှိမီ ဆိုးလ်ရှားဟာ အိုးထရက်ဖို့ဒ်သို့ အံ့အားသင့်ဖွယ် ပြန်လာဖို့အတွက် ပြောကြားခြင်းခံရပြီးနောက် တူရကီသို့ ပြောင်းရွှေ့လာခြင်းဖြစ်ပါတယ်။

ဆိုးလ်ရှားဟာ ၁၉၉၆ မှ ၂၀၀၇ ခုနှစ်အတွင်း ကစားသမားအဖြစ် အောင်မြင်တဲ့ရာသီ ၁၁ ခုကို ဖြတ်သန်းခဲ့ပြီးနောက် ယူနိုက်တက်ကို ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ကာ နောက်ပိုင်းမှာတော့ အမြဲတမ်းနည်းပြဖြစ်လာခဲ့ပါတယ်။ သူဟာ ယူနိုက်တက် အတွက် ၁၂၆ ဂိုး သွင်းယူကာ ၁၉၉၈-၉၉ ရာသီ ဆုဖလား ၃ လုံးရရှိခဲ့ခြင်းတွင် ခြေစွမ်းပြကစားခဲ့သလို နာမည်ကြီး ပရီးမီးယားလိဂ် ချန်ပီယံ ၆ ကြိမ် နဲ့ ချန်ပီယံလိဂ် ဖလား အပါအဝင် ဆုဖလား ၁၂ လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒဏ်ရာကြောင့် ၂၀၀၇ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် ဆိုးလ်ရှားဟာ ယူနိုက်တက်ရဲ့ အရန်အသင်းအား တာဝန်ယူခဲ့ပြီး ၂၀၁၀ နှင့် ၂၀၁၄ ခုနှစ်ကြားတွင် မွေးရပ်ဇာတိမြေ၌ နည်းပြအဖြစ် မိုလ်ဒီအား ကိုင်တွယ်ခဲ့ပြီး ပြည်တွင်းဆုဖလား ၂ ကြိမ်ရယူပေးခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ အောင်မြင်မှုကြောင့် ကာဒစ်ဖ်စီးတီးက ခေါ်ယူရန် သေချာစေသော်လည်း အသက် ၅၁ နှစ်အရွယ်နည်းပြဟာ အဆိုပါအသင်းကို ပရီးမီးယားလိဂ်မှ တန်းမဆင်းစေရန် မကူညီနိုင်ခဲ့ပါဘူး။

သူဟာ ၂၀၁၅ ခုနှစ်တွင် မိုလ်ဒီ သို့ပြန်လာခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ယူနိုက်တက်သို့မပြောင်းမီ ၃ နှစ်ကျော်ကြာ တာဝန်ယူခဲ့ပါတယ်။