The network connection is lost.

Banner Image

ဒဏ်ရာကြောင့် အာဆင်နယ်ပွဲအပါအဝင် ၆ ပွဲလောက်လွဲချော်မယ့် မာဒူကီ

ချဲလ်ဆီးတောင်ပံကစားသမား မာဒူကီတစ်ယောက် တံကောက်ကြောဒဏ်ရာကြောင့် ၆ ပွဲလောက်လွဲချော်မယ်လို့ သိရပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့သောကြာနေ့တုန်းက ဘရိုက်တန်ကို ၃ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ပွဲရဲ့ပထမပိုင်းမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ တယ်လီဂရက်ဖ်သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးဘက်က မာဒူကီအနေနဲ့ မတ်လအကုန်လောက်အထိ ပြန်လာနိုင်ချေမရှိဘူးလို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။

အဆိုပါအခြေအနေကြောင့် အသက် ၂၂ နှစ်သားဟာ အာဆင်နယ်ပွဲအပါအဝင် ၆ ပွဲလောက်ကို လွဲချော်တော့မှာဖြစ်ပါတယ်။ မာဒူကီဟာ ချဲလ်ဆီးအသင်းရဲ့ကွန်းဖရန့်လိဂ် ၂ ပွဲစလုံးအပါအဝင် ၊ ဗီလာ ၊ ဆောက်သမ်တန် ၊ လက်စတာ နဲ့ အာဆင်နယ်ပွဲတွေကို လွဲချော်မှာဖြစ်ပါတယ်။

မာရက်စ်ကာရဲ့ချဲလ်ဆီးအသင်းဟာ ကွန်းဖရန့်လိဂ် ၁၆ သင်းအဆင့်မှာ ဂျန့်တ် ၊ ကိုဗင်ဟေဂင် ဒါမှမဟုတ် ဘက်တစ်အသင်းတွေထဲကတစ်သင်းသင်းနဲ့ကစားရမှာဖြစ်ပါတယ်။ မာဒူကီဒဏ်ရာအခြေအနေကြောင့် မာရက်စ်ကာအတွက်တော့ ဂျက်ဆင် နဲ့ ဂူအီတို့မရှိတဲ့အနေအထားမှာ ခေါင်းခဲစရာဖြစ်လာပါတယ်။