နေမာရဲ့အပြောင်းရွှေ့ကို အတည်ပြုကာ ဘရာဇီးသားကို အသင်းမှာ ပျော်ရွင်စွာနေဖို့ တိုက်တွန်းလိုက်တဲ့ ဆန်းတို့စ်ဥက္ကဌ
ဆန်းတို့စ် ဥက္ကဌ မာဆယ်လိုက နေမာ အား သူရဲ့ငယ်ဘဝကလပ်ကနေ ပြန်လည်ကြိုဆိုလိုက်ပြီဖြစ်ကာ အယ်လ်ဟီလယ်တွင် မအောင်မြင်တဲ့ ကာလပြီးဆုံးပြီးနောက် ဘရာဇီးကစားသမားဟာ ဇာတိမြေသို့ ပြန်လာခဲ့ပြီဖြစ်ပါတယ်။
နေမာဟာ အရှေ့အလယ်ပိုင်းတွင် ဒဏ်ရာများဖြင့် ကြုံတွေ့ခဲ့ရတဲ့ ကာလပြီးနောက် ဆော်ဒီပရိုလိဂ် အသင်းအား နှုတ်ဆက်ကာ အိမ်ပြန်လာခဲ့တာဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ကစားသမားကို စာချုပ်ကို နှစ်ဦးသဘောတူဖျက်သိမ်းလိုက်တာဖြစ်ပြီး နေမာဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ပီအက်စ်ဂျီမှ ယူရို သန်း ၉၀ (ပေါင် ၇၇.၂ သန်း ၊ ဒေါ်လာ ၉၈.၃ သန်း) ဖြင့် အယ်လ်ဟီလယ်သို့ ပြောင်းရွှေ့ပြီးနောက် ပွဲစဉ် ၇ ပွဲသာ ကစားခွင့်ရခဲ့ပြီး ဇန်နဝါရီလတွင် ဆန်းတို့စ်သို့ အလွတ်ဖြင့် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
နေမာဟာ ဆန်းတို့စ်သို့ ပြန်လည်ရောက်ရှိလာဖို့ လစာသိသိသာသာ လျှော့ချမှုကို သဘောတူခဲ့ကြောင်း သတင်းများထွက်ပေါ်လာပြီး ဘာစီလိုနာသို့ ပြောင်းရွှေ့ပြီး ဥရောပသို့ မရောက်မီ သူ့ရဲ့နာမည်ကို ပထမဆုံးကျော်ကြားစေခဲ့တဲ့ ကလပ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ဆန်းတို့စ်ဥက္ကဌ မာဆယ်လို က ဘရာဇီးစူပါစတားကြီးအား ပြန်လည်ကြိုဆိုပြီး ဆော်ဒီပရိုလိဂ်တွင် ခက်ခဲတဲ့ကာလပြီးနောက် သူ့အား ပျော်ရွှင်စေလိုကြောင်း ပြောကြားထားပါတယ်။
မာဆယ်လိုက နေမာရဲ့ ပြန်လည်ရောက်ရှိမည့်အကြောင်းကို လူမှုကွန်ရက်ပေါ်တွင် စိတ်လှုပ်ရှားဖွယ် ပို့စ်တစ်ခုရေးသားကာ အတည်ပြုခဲ့ပါတယ်။ "ပြန်လာဖို့ အချိန်တန်ပြီ၊ နေမာ မင်းရဲ့လူတွေဆီ ပြန်လာဖို့ အချိန်တန်ပြီ။ ငါတို့ရဲ့အိမ်၊ ငါတို့ရဲ့နှလုံးသားထဲက ကလပ်ကနေ ကြိုဆိုပါတယ်။ ငါတို့ရဲ့ကောင်းလေး နေမာ ဆန်းတို့စ်အားကစားကွင်း ရဲ့ကောင်းလေးရေ ကြိုဆိုပါတယ်။ အဖြူနဲ့အနက်ရောင်အင်္ကျီနဲ့ ပြန်ပြီး ပျော်ရွှင်စွာကစားဖို့ ပြန်လာပါ။ ဆန်းတို့စ်က မင်းကို ဖွင့်ထားတဲ့လက်နဲ့ စောင့်မျှော်နေပါတယ်" လို့ ရေးသားထားတာပါ။
နေမာဟာ ဆန်းတို့စ်တွင် ပြန်လည်ကစားရင်း ဒဏ်ရာပြဿနာများကို ကျော်လွှားပြီး ပုံမှန်ကစားခွင့်ရရန် မျှော်လင့်နေမှာဖြစ်ပါတယ်။ တိုက်စစ်မှူးဟာ ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ဘရာဇီးအသင်းတွင် ပါဝင်ရန် အတွက် အားလုံးကို လုပ်ဆောင်သွားမယ်လို့ ဝန်ခံထားပြီး လက်ရွေးစင်အသင်းနှင့် နောက်ဆုံးအခွင့်အရေးတစ်ခုအတွက် မျှော်လင့်နေပါတယ်။