The network connection is lost.

Banner Image

ဘရာဇီးအသင်းဖော် ဂျူနီယာကို ရုပ်အဆိုးဆုံးကစားသမားလို့ ရက်ရက်စက်စက် ပြောကြားလိုက်တဲ့ နေမာ

အင်တာဗျူးတစ်ခုတွင် နေမာဟာ ဘရာဇီးအသင်းဖော် ဂျူနီယာကို သူနှင့်အတူကစားခဲ့ဖူးတဲ့သူတွေထဲမှာရုပ်အဆိုးဆုံး ကစားသမားအဖြစ် ပြောကြားလိုက်တာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာရှိ ဗီဒီယိုတစ်ခုတွင် နေမာဟာ အင်တာဗျူးမေးခွန်းများကို မြန်မြန်ဆန်ဖြေဆိုနေတာဖြစ်ပြီး အသက် ၃၂ နှစ်အရွယ်ကစားသမားက ဗီနီဆီးယက်စ်ဂျူနီယာဟာ သူ့ရဲ့ကစားသမားဘဝ တွဲကစားဖူးသမျှ တွေထဲမှာ ဆွဲဆောင်မှုမရှိဆုံးကစားသမားလို့ အံ့အားသင့်စွာပြောခဲ့တာဖြစ်ပါတယ်။

VIVA Sport က အင်တာဗျူးမေးမြန်းသူက ကစားသမားဘဝတွင် လက်ရှိအချိန်အထိတွဲကစားခဲ့တဲ့ထဲမှာ ရုပ်အဆိုးဆုံးကစားသမားက ဘယ်သူလဲလို့မေးရာတွင် နေမာက "ကျွန်တော်က ရုပ်ဆိုးတဲ့သူတွေနဲ့ ကစားခဲ့ပါတယ်။ လေးစားမှုအပြည့်နဲ့ပြောရရင် ဗီနီဆီးယက်စ်ဂျူနီယာဟာပါပဲ။ တောင်းပန်ပါတယ် ငါမင်းကိုချစ်ပါတယ် ဒါပေမယ့် သူက အရမ်းကိုရယ်စရာကောင်းပါတယ်။ ရုပ်ဆိုးပေးမယ့် ချစ်ဖို့ကောင်းပါတယ်" လို့ ဖြေပါတယ်။

ဘာစီလိုနာနှင့် ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းအား ရင်ဆိုင်ဖူးသမျှထဲမှ အခက်ခဲဆုံးနဲ့ အပြင်းထန်ဆုံးကစားသမားကဘယ်သူလဲလို့မေးရာတွင် သီယာဂိုဆေးလ်ဗားဖြစ်တယ်လို့ ဖြေခဲ့ပါတယ်။ နေမာဟာ သူ့ရဲ့လက်ရွေးစင်အသင်းဖော်ဟောင်းဖြစ်သူနှင့် ချန်ပီယံလိဂ်တွင် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူးတာဖြစ်ပါတယ်။

ဘရာဇီးက ကော်စတာရီကာအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိက စတင်ချိန်တွင် နေမာဟာ အင်္ဂါနေ့က SoFi Stadium မှာ တက်ရောက်အားပေးခဲ့တာဖြစ်ပါတယ်။ ဘရာဇီးဟာ လာမယ့် စနေနေ့ မှာ ပါရာဂွေး ထပ်မံနဲ့ ကစားရမှာ ဖြစ်ပါတယ်။