The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ဂိုးသမားတွေ အတွက် အကျိုးရှိမှုဖြစ်လာတော့မယ့် စည်းမျည်းအသစ်

သတင်းအသစ်တွေအရ ဘောလုံးစည်းမျည်းအသစ်တစ်ခုဟာ ပရီးမီးယားလိဂ်အပါအဝင် ဂိုးသမားတွေအတွက် အကျိုးရှိလာတော့မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကတည်းက စည်းမျည်းတွေပြောင်းလဲမှုရှိခဲ့သလို goalline နည်းပညာအပြင် VAR လည်း မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပွဲအတွင်းအပြုအမူ၊ နည်းပြတွေရဲ့အပြုအမူအရ အဝါကတ်ပြသခွင့်နဲ့ ထုတ်ပယ်ခွင့်တွေလည်း ရှိလာခဲ့ပါတယ်။

အခုချိန်မှာလည်း အပြာကတ်ကို စမ်းသပ်အသုံးပြုဖို့ ဆွေးနွေးမှုတွေရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အငြင်းပွားဖွယ်ပြောင်းလဲမှုတွေရှိသလို ပရိသတ်အများစုကြားထဲမှာ ဂိုးသမားတွေ ဘောလုံးကိုကြာရှည်စွာကိုင်ထားတာလည်း ပါဝင်နေပါတယ်။

ဂိုးသမားတွေအတွက် စည်းမျည်းအရ ဘောလုံးကိုမကန်တင်ပဲ လက်ထဲမှာ ၆ စက္ကန့်ထားခွင့်ရှိနေတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ ဂါးဒီးယန်း သတင်းဌာနရဲ့အဆိုအရ နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ (IFAB) ဟာ ပွဲအတွင်း ကစားသမားတွေရဲ့အပြုအမူတိုးတက်လာဖို့ လုပ်ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့ထဲမှာ ဂိုးသမားတွေ အတွက် စည်းမျည်းအသစ်တစ်ခုလည်း ပါဝင်လာပြီး အဲ့တာက လက်ထဲမှာ ဘောလုံးကို ၆ စက္ကန့်အစား ၈ စက္ကန့်လောက်အထိ ထားခွင့်ရှိမှာ ဖြစ်ပါတယ်။
နောက်ဆုံး ၅ စက္ကန့်ကို မရေတွက်ခင်မှာ ကွင်းလယ်ဒိုင်တွေရဲ့ လက်မြှောက်မှုပေါ်မူတည်ပြီး လုပ်ဆောင်ခွင့်ရှိနေတာဖြစ်ပါတယ်။ နောက်ထပ်သတင်းတွေအရ  စည်းမျည်းထဲမှာ အချိန်ဖြုန်းတာ ၊ ဘောလုံးပိုင်ဆိုင်မှု ရှိနေချိန် ပင်နယ်တီအနေအထား၊ လက်ပစ်ဘောနဲ့ ထောင့်ကန်ဘောတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

လက်ရှိစည်းမျည်းထဲမှာ တိုက်ရိုက်မဟုတ်တဲ့ဖရီးကစ်ကနေ ရရှိလာတဲ့ ဘောလုံးကို ၆ စက္ကန့်ထက်ပိုဘောလုံးကိုင်ခွင့်ပေးထားတယ်လို့ သိရပါတယ်။ တိုက်ရိုက်မဟုတ်တဲ့ ဖရီးကစ်ကနေ ၂၀၀၂ တုန်းက ဝက်စ်ဘရွန်းနဲ့ပွဲမှာ အလန်ရှီးယားတစ်ယောက် ပြိုင်ဘက်ကစားသမားတွေအားလုံး ဂိုးဧရိယာထဲရှိနေချိန် သွင်းယူပေးခဲ့ဖူးတဲ့ အဖြစ်အပျက်မျိုးရှိခဲ့တာဖြစ်ပါတယ်။