ကောလာဟလတွေ ထွက်နေချိန်မှာ သူသဘောကျမိတဲ့ မန်စီးတီးကစားသမားတွေရဲ့ နာမည်ကို ပြောကြားလိုက်တဲ့ နက်တို
ယူနိုက်တက်၊ အာဆင်နယ်နှင့် လီဗာပူးတို့ အပါအဝင် အင်္ဂလန်ရှိအသင်းတွေအားလုံးက နက်တိုရဲ့ လက်ရှိရာသီ စွမ်းဆောင်ရည်ကို သတိပြုမိကြတာဖြစ်မယ်ဆိုရင် မန်စီးတီးက ခေါ်ယူဖို့ရေပန်းအစားဆုံး ဖြစ်နေမယ်ဆိုတာ မဖြစ်နိုင်စရာမရှိပါဘူး။
လက်ရှိရာသီ ပရီးမီးယားလိဂ်ပွဲပေါင်း ၁၈ ပွဲ ကစားပြီးနောက် အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ၂ ဂိုးသွင်း ၉ ဂိုး ဖန်တီးပေးထားပါတယ်။ အမ်းမရိတ်အက်ဖ်အေဖလား ပွဲမှာလည်း သူက ၁ ဂိုးသွင်း ၂ ဂိုးဖန်တီးထားပါသေးတယ်။ ၂၀၁၉ ခုနှစ်တွင် လာဇီယိုမှ ပြောင်းလာပြီးနောက် အပြောင်းရွှေ့ဈေးကွက်မှာ အသင်းကြီးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတာဖြစ်ပါတယ်။
လက်ရှိရာသီမှာ ဝုဗ်က အမှတ်ပေးဇယားထိပ်ပိုင်းရဲ့ အလယ်လောက်ဖြင့် ရာသီပိတ်နိုင်ဖို့ မျှော်လင့်ထားပြီး ပေါ်တူဂီနိုင်ငံသားကလည်း ဥရောပပွဲစဉ်တွေ ကစားနိုင်ဖို့ရှိနေတာဖြစ်ပါတယ်။ မန်စီးတီးရဲ့ ပွဲကိုစိုးမိုးပြီးကစားတဲ့အပေါ် သဘောကျမိကြောင်း နက်တိုက ပြောကြားလိုက်ပါတယ်။
"ဘယ်ကစားသမားဆီကမဆို သင်ယူရမှာပါ။ ဥပမာအားဖြင့် ဘာနန်ဒိုဆိုရင် အရမ်းကောင်းတဲ့သူဖြစ်ပြီး ကျွန်တော် အီတလီမှာရှိကတည်းက သဘောကျတဲ့သူပါ။ သူဟာ မိုနာကိုအတွက် ကစားပေးခဲ့ဖူးပြီး သူ့ကို အရမ်းကြိုက်ပါတယ်။ သူ့ရဲ့ကစားဟန်တွေကိုလည်း နှစ်သက်ပါတယ်" "ရူဘင်ဒီယက်စ်ဆိုရင်လည်း သူ့ရဲ့လုပ်အားနှုန်းကြောင့် ကြိုက်ပါတယ်။ ဒီက ကျွန်တော့်ရဲ့ အသင်းဖော်ဖြစ်တဲ့ နူနက်ဇ် ကလည်း အရမ်းကောင်းတဲ့သူပါ။ သူတို့အားလုံးက အရမ်းကောင်းတဲ့သူတွေဖြစ်ကြပြီး အတွေ့ကြုံရင့်ကျက်သူတွေပါ။ သူတို့တွေက အားလုံးထက် အရည်အသွေးပိုရှိတဲ့ ကစားသမားတွေဖြစ်ကြပြီး သူတို့လို အဆင့်မျိုး ကျွန်တော်ရောက်ချင်ပါတယ်"လို့ နက်တိုက Pedro Pinto သို့ ပြောပါတယ်။
လက်ရွေးစင်အသင်းဖော်တွေရှိနေတာကြောင့် မန်စီးတီးဟာ ဝုဗ်ရဲ့ကစားသမားအတွက် အကောင်းဆုံး ရွေးချယ်စရာဖြစ်နေပါတယ်။ လက်ရှိရာသီမှာ ပွဲတွေအများကြီး ကျန်နေသေးတာကြောင့် နက်တိုရဲ့ဦးစားပေးက ဝုဗ်နဲ့အဓိက ကစားသမားဖြစ်ဖို့ပါ။ အပြောင်းအရွှေ့ဖွင့်ချိန်မှာတော့ အသင်းပြောင်းဖို့အတွက် အားရုံစိုက်သွားနိုင်ပါတယ်။