The network connection is lost.

Banner Image

ဂါနာချိုအတွက် ထပ်မံကမ်းလှမ်းဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ နာပိုလီ

Corriere dello Sport ၏ဖော်ပြချက်အရ နာပိုလီဟာ ယူနိုက်တက်တောင်ပံကစားသမား ဂါနာချို အတွက် ပိုမိုကောင်းမွန်သောကမ်းလှမ်းမှုတစ်ခုဖြင့် လုပ်ဆောင်ရန် အသင့်ရှိနေသော်လည်း ခရာဘတ်ခါလီယာရဲ့ နေရာတွင် အစားထိုးခေါ်ယူရန် အလျင်အမြန်လုပ်ဆောင်နေတာကြောင့် အီတလီကလပ်ဟာ အကြာကြီးမစောင့်လိုကြောင်း သိရပါတယ်။

နာပိုလီအသင်းဟာ ယူနိုက်တက်တောင်ပံကစားသမား ဂါနာချိုအတွက် ကမ်းလှမ်းမှုအသစ်တစ်ခုလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ Corriere dello Sport ရဲ့ အသစ်ထုတ်ပြန်လိုက်တဲ့ သတင်းတစ်ရပ်အရ သိရပါတယ်။

သောကြာနေ့က ပီအက်စ်ဂျီသို့ တရားဝင်ရောက်ရှိသွားပြီဖြစ်တဲ့ ခရာဘတ်ခါလီယာရဲ့နေရာတွင် ကွန်တီက အာဂျင်တီးနားသားဖြင့် အဓိက အစားထိုးလိုနေတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ နာပိုလီရဲ့ ယူရိုသန်း ၄၀ အပြင် အပိုဆုကြေးများဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ဂါနာချိုအတွက် ယူရိုသန်း ၅၀ တန်ကြေးရှိ ပိုမိုကောင်းမွန်တဲ့ကမ်းလှမ်းမှုကိုလုပ်ဖို့ အီတလီကလပ်က အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

Corriere dello Sport ၏ ဖော်ပြချက်အရ နာပိုလီဟာ ဂါနာချိုရဲ့ အေးဂျင့်များနှင့် သဘောတူညီမှု ရရှိလုနီးပါးဖြစ်သော်လည်း ယူနိုက်တက်က ယူရိုသန်း ၈၀ အောက်ဖြင့် ရောင်းချရန် ဆန္ဒမရှိတာကြောင့် ဈေးနှုန်းညှိဖို့အတွက် လိုနေတာဖြစ်ပါတယ်။ ဂါနာချိုရဲ့အပြင် နာပိုလီအတွက် အခြားရွေးချယ်စရာများအဖြစ် ဒီပိုတီးပို့ တောင်ပံကစားသမား ဟာနန်ဒက်ဇ် ရှိနေကြောင်း Corriere dello Sport က အတည်ပြုပြောကြားခဲ့ပါတယ်။

အသက် ၂၂ နှစ်ရှိ ဟာနန်ဒက်ဇ်ရဲ့ စာချုပ်တွင် ယူရိုသန်း ၂၀ တန်ကြေးရှိ အချက်ပါဝင်နေပါတယ်။ နာပိုလီဟာ တောင်ပံကစားသမားသစ်တစ်ဦးကို ခေါ်ယူရန် အလျင်အမြန်လုပ်ဆောင်နေတာကြောင့် ယူနိုက်တက်ဟာ ဂါနာချို အတွက် ဈေးကိုင်နေပါက အခြားပစ်မှတ်များကို လျင်မြန်စွာအာရုံစိုက်သွားမှာဖြစ်ကြောင်း Corriere dello Sport က ထပ်မံပြောကြားထားပါတယ်။