The network connection is lost.

Banner Image

ဂါနာချိုရဲ့တောင်းဆိုမှုက မမျှတဘူးလို့ နာပိုလီအသင်းအားကစားဒါရိုက်တာ မန်နာဆို

နာပိုလီအားကစားဒါရိုက်တာ မန်နာက ဂါနာချိုရဲ့လုပ်ခလစာတောင်းဆိုမှုမြင့်မားခဲ့တာက အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တာလို့ ထုတ်ဖော်ပြောကြားခဲ့သလို ယူနိုက်တက်ဘက်က ဒိုဂူကို ပြောင်းရွှေ့ကြေးပိုပေးခေါ်ယူခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ နာပိုလီဟာ ပီအက်စ်ဂျီအသင်းထံ ကာဗာစခီလီယာကို ပေါင် ၅၈ သန်းနဲ့ရောင်းထုတ်ခဲ့ပြီးနောက် ဂါနာချိုနဲ့ ပြန်လည်အစားထိုးဖို့ ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နာပိုလီဟာ ယူနိုက်တက်တောင်းဆိုတဲ့တန်ကြေးကို ပေးချေနိုင်ခြင်းမရှိသလို မန်နာက အာဂျင်တိုင်းသားဘက်ကလည်း လုပ်ခလစာမတန်တဆတောင်းဆိုခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။ “ကာဗာထွက်ခွာပြီးနောက် ကျွန်တော်တို့ ဂါနာချိုနဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းထံ ကမ်းလှမ်းမှုလုပ်ခဲ့ပြီး အရမ်းနီးစပ်ခဲ့ပါတယ်။ ကစားသမားဘက်က ထွက်ခွာချင်ပေမယ့် လုပ်ခလစာညှိနှိုင်းရာမှာ အဆင်မပြေခဲ့ပါဘူး။

သူက လုပ်ခလစာအများအပြားလိုချင်ခဲ့သလို ကျွန်တော်တို့ဘက်ကလည်း မပေးနိုင်ခဲ့ပါဘူ။ အဲ့တာက မျှတတယ်လို့ ကျွန်တော် မထင်ပါဘူး။ လူငယ်ကစားသမားတစ်ဦးအနေနဲ့ အခုလောက်လုပ်ခလစာတောင်းဆိုတာက အဆင်မပြေပါဘူး။ ကျွန်တော် ပြိုင်ပွဲတစ်ခုအတွက် ပြိုင်ဆိုင်မှုပြင်းထန်တဲ့အသင်းမျိုး ဖန်တီးနိုင်ခဲ့ပါတယ်။ အဲ့အတွက် နည်းပြ နဲ့ အသင်းကို ကျေးဇူးတင်ပါတယ်”လို့ မန်နာက ပြောကြားခဲ့ပါတယ်။

နာပိုလီဟာ ယူနိုက်တက်အသင်း ဒိုဂူကို မခေါ်ယူနိုင်ခင် လက်ချီစတားကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ မန်နာက မိမိတို့အသင်းဟာ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို မယှဉ်နိုင်ခဲ့ဘူးလို့ ဝန်ခံပြောကြားခဲ့သလို တန်ကြေးပိုပေးခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။ “နာပိုလီက သန်မာတဲ့ကစားသမားတွေကိုသာ ခေါ်ယူပါတယ်။ အဲ့တာက ငယ်တာ ကြီးတာနဲ့မဆိုင်ပါဘူး။ ဥပမာအနေနဲ့ ဒိုဂူကို နွေရာသီအတွက် ကျွန်တော်တို့ ချိတ်ဆက်ခဲ့ပါတယ်။

အဲ့နောက် ယူနိုက်တက်က ကြားဝင်လာပြီး ကမ်းလှမ်းမှုပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် အဲ့ကမ်းလှမ်းမှုက ခက်ခဲခဲ့ပါတယ်။ သူတို့ သတ်မှတ်တန်ကြေးထက်ပိုပေးခဲ့ပြီး ကျွန်တော်တို့ မလိုက်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ ဂီလ်မော ၊ စပင်ဇိုလာ ၊ တိုမီနေး ၊ နီရက်စ် ၊ ရိုမီလူတို့လိုကစားသမားကောင်းတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။ အဲ့တာကို ကြည့်ချင်းအားဖြင့် ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတာကို မြင်နိုင်ပါတယ်။ ကာဗာနေရာအတွက် ကျွန်တော်တို့ အစားထိုးဖို့ လုပ်ဆောင်ခဲ့ပေမယ့် ဂါနာချိုနဲ့ ဆွေးနွေးရာမှာ အဆင်မပြေဖြစ်ခဲ့ပါတယ်”လို့ မန်နာက ပြောကြားခဲ့ပါတယ်။