ကိုကင်းအမှုနဲ့ပတ်သက်တဲ့အစိတ်အပိုင်းကြောင့် အဖမ်းခံခဲ့ရတဲ့ နိုင်ဂိုလန်
အင်တာမီလန် နဲ့ ဘယ်လ်ဂျီယံစတားဟောင်း နိုင်ဂိုလန်တစ်ယောက် ကိုကင်းအမှုနဲ့ပတ်သက်ပြီး အဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်သားဟာ အဆိုပါအမှုနဲ့ပတ်သက်လို့ သံသယရှိသူတွေထဲကတစ်ယောက်ဖြစ်ပြီး ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ဂိုလန် နဲ့ သံသယရှိသူတွေဟာ ဥရောပနိုင်ငံထဲကို တရားဝင်ဆေးတွေတင်ပို့နေတယ်ဆိုတဲ့ စွပ်စွဲခံနေရတာဖြစ်ပါတယ်။
“ကျွန်တော်တို့ တောင်အမေရိကဘက်ကနေ ဥရောပဘက်ကို ကိုကင်းတွေ တင်သွင်းနေတယ်လို့ သတင်းရထားပါတယ်။ အဲ့ကနေ ဘယ်လ်ဂျီယံကို ပြန်လည်ဖြန့်ချီနေတယ်လို့လည်း သတင်းရထားပါတယ်”လို့ ရဲတပ်ဖွဲ့ ပြောကြားခဲ့ပါတယ်။ နိုင်ဂိုလန်ဟာ အနားယူနေရာကနေ ပြန်လာပြီး လက်ရှိဘယ်လ်ဂျီယံဒုတိယတန်းကလပ် လိုကီရန်အသင်းမှာ ကစားနေကာ K. Lierse အသင်းကို ၁-၁ သရေကျခဲ့တဲ့ပွဲဦးထွက်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
နိုင်ဂိုလန်ဟာ ဘယ်လ်ဂျီယံအတွက် ၃၀ ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး ကလပ်အသင်းတွေအဖြစ် ပီယာဆန်ဇာ ၊ ကက်ဂလီယာရီ ၊ ရိုးမား နဲ့ အင်တာမီလန်အသင်းတွေမှာ ပါဝင်ကစားခဲ့ပါတယ်။