The network connection is lost.

Banner Image

ဆံပင်အား ပန်းရောင်ဆိုးထားတဲ့ ဂျာမနီကြယ်ပွင့် အန်ဒရစ်ချ်ကို ဝေဖန်လိုက်တဲ့ အာဆင်နယ်ကစားသမားဟောင်း လေးမန်း

အသက် ၂၉ နှစ်အရွယ် အန်ဒရစ်ချ်ဟာ ဂျာမနီရဲ့နောက်ဆုံးလေ့ကျင့်ရေးအစီအစဉ်တွင် ဆံပင်အားဆေးဆိုးထားမှုကို ပြသခဲ့ပြီး ကွင်းလယ်ကစားသမားရဲ့ဆံပင်ပုံစံဟာ ပရိသတ်များ၊ သုံးသပ်သူများနှင့် ကစားသမားဟောင်းများကြားတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပါတယ်။

ပြိုင်ပွဲအစောပိုင်းတွင် လေဗာကူဆင်ကြယ်ပွင့်ဟာ  ရွှေရောင်ဖျော့ဖျော့ကို ဆိုးထားတာဖြစ်ပြီး ဒိန်းမတ်အား အနိုင်ရရှိခဲ့တဲ့ ၁၆ သင်းအဆင့်ပွဲမှာ အပြည့်အဝ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။အန်ဒရစ်ချ်ဟာ သောကြာနေ့ ကွာတားဖိုင်နယ်ကစားမယ့် ဂျာမနီရဲ့ပွဲစဉ် ၄ ပွဲစလုံးမှာ ပါဝင်ခဲ့ပြီး စတုဂတ်မှာ ကစားမယ့်ပွဲမှာ ပါဝင်နိုင်မယ်လို့‌ မျှော်လင့်ထားသော်လည်း နည်းပြရဲ့ချန်လှပ်ထားခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားဟာ ဒုတိယပိုင်း ဖလော်ရီယန်ဝစ်ဇ်ရဲ့ အိုလ်မိုရဲ့ဂိုးကို ပြန်လည်ချေပတဲ့ဂိုးမသွင်းယူမီ ဂိုးမရှိသရေကျနေတဲ့အချိန်မှာ ဆာနေးရဲ့နေရာတွင် လူစားဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ပွဲချိန် ၁၁၉ မိနစ်တွင် မာရီနိုက ဂိုးသွင်းနိုင်ခဲ့တာကြောင့် စပိန်အသင်းဟာ ဆီမီးဖိုင်နယ်သို့တက်ရောက်သွားကာ ပြင်သစ်နှင့် ထိပ်တိုက်တွေ့ဆုံမှာဖြစ်ပါတယ်။

ဒါပေမယ့် မနေ့ညက ဂျာမန်မီဒီယာတွေရဲ့ အဓိကပြောဆိုနေတဲ့ အချက်တွေထဲက တစ်ခုကတော့ ကွာတားဖိုင်နယ်အထိ ရောက်သွားတဲ့အသင်းက အန်ဒရစ်ချ်ရဲ့ထူးဆန်းတဲ့ ဆံပင်ညှပ်ခြင်းအပေါ် အာဆင်နယ်ကစားသမားဟောင်း လေးမန်းက ဝေဖန်ထားတာဖြစ်ပါတယ်။German outlet WELT သို့ လေးမန်းက "အခုခေတ်မှာ သူ သတိထားရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူက မိန်းမတစ်ယောက်လို တစ်ခုခုဖြစ်နေလို့လား။ အရမ်းခံနိုင်ရည်ရှိဖို့တော့လိုပါမယ်"

"လက်ရွေးစင်ကစားသမားအဖြစ် နိုင်ငံ့ဘောလုံးအသင်းမှာကစားရတဲ့ အခြေအနေမှာ တစ်ချိန်ချိန်မှာတော့ နည်းနည်းလွန်သွားတယ်လို့ ကျွန်တော်ထင်ပါတယ်""အရင်က ရွှေရောင်ဆံပင်၊ အခု ပန်းရောင်ဆံပင်။ ကျွန်တာ်တို့ကိုပြဖို့ သူဘာကြိုးစားနေတာလဲ။ ဒီလိုမျိုး ပေါ်လွင်နေဖို့ သူ့မှာ ကိုယ်ရည်ကိုယ်သွေးအတွက် ပြဿနာတစ်ခုခုရှိလား"

"အသင်းဖော်တစ်ယောက်အနေနဲ့ ဒါဟာ အရမ်းထူးဆန်းတာကို တွေ့ဖူးမှာပါ။ နောက်ပြီး နိုင်ငံ့နည်းပြကလည်း ဒါကိုအရမ်းကောင်းတယ်လို့ ထင်မှာမဟုတ်ပါဘူး" လို့ ပြောပါတယ်။အန်ဒရစ်ချ်ရဲ့ ပန်းရောင်ဆံပင်ဟာ ပြိုင်ဘက်များကြားတွင် ရှုပ်ထွေးမှုများဖြစ်စေနိုင်တယ်လို့ လေးမန်းက အကြံပြုခဲ့ပြီး ဒါကြောင့် ယူအီးအက်ဖ်အေက တားမြစ်သင့်တယ်လို့ ပြောထားပါတယ်။

"ပြိုင်ဘက်ဂိုးသမားက ဒီနေ့ ပန်းရောင်အင်္ကျီ ဝတ်ထားရင် ဘာဖြစ်မလဲ။ ပန်းရောင်ဆိုတာ အရမ်းတောက်ပါတယ်""အန်ဒရစ်ချ်လို ဆံပင်အရောင်တွေကို ယူအီးအက်ဖ်အေက တားမြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရောင်ဟာ ပြိုင်ဘက်များကြားတွင် ရှုပ်ထွေးမှုကို ဖြစ်စေနိုင်တာကြောင့်ပါတယ်" လို့ ဂျာမနီ လက်ရွေးစင်ဟောင်းက ပြောပါတယ်။

ဂျာမနီအသင်း နည်းပြချုပ် နာဂယ်စ်မန်းက အန်းဒရစ်ချ်ရဲ့ ဆံပင်ညှပ်ခြင်းအတွက် မေးခွန်းများကို ဖြေကြားရန်ငြင်းဆန်ခဲ့ပါတယ်။"လူတိုင်းမှာ ကိုယ်ပိုင်နည်းလမ်းဆိုတာရှိပါတယ်။ ဆံပင်ညှပ်တဲ့ကိစ္စတွေမှာ အမြဲလိုလိုရှိနေပါတယ်""နောက်ဆုံးမှာတော့ တခြားသူတွေထက် ထိပ်တန်းစွမ်းဆောင်ရည်ကို ညွှန်ပြတဲ့ ဆံပင်ပုံစံတွေရှိပါတယ်""ရောဘတ်က သူတို့ထဲက တစ်ယောက်ပဲ ဖြစ်ဖြစ် ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာ" လို့ နည်းပြက သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ အန်းဒရစ်ချ် ကိုယ်တိုင်က သူ့အား ကောင်းစွာသိသူများဟာ သူရဲ့ဆံပင်ညှပ်ခြင်းအတွက် အားသင့်ခြင်း ဖြစ်လိမ့်မည်မဟုတ်ကြောင်း အခိုင်အမာဆိုထားပါတယ်။ဂျာမနီနဲ့ လေဗာကူဆင်ကွင်းလယ်လူက "'အရောင်သစ်ရဖို့ ကျွန်တော်စဉ်းစားနေတာကြာပြီ။ ကျွန်တော့်ကို အချိန်အကြာကြီး သိနေတဲ့သူတွေ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ မိသားစုတွေကတော့ အံ့သြမှာမဟုတ်ဘူး" လို့ ပြောထားပါတယ်။