၂၀၂၈ ခုနှစ်အထိ ဂျာမနီနည်းပြအဖြစ် ဆက်နေမယ့် နာဂယ်စ်မန်း
ယူရို ၂၀၂၈ ခုနှစ်အထိ ဂျာမနီနည်းပြအဖြစ် ဆက်ရှိနေဖို့အတွက် နာဂယ်စ်မန်းဟာ စာချုပ်သက်တမ်းတိုးလိုက်ပြီဖြစ်ပါတယ်။ ဟန်ဆီဖလစ်ထုတ်ပယ်ခြင်း ခံလိုက်ရပြီးနောက် ဂျာမနီလက်ရွေးစင်အသင်းကို ဘိုင်ယန်မြူးနစ်နည်းပြဟောင်းဟာ ၂၀၂၃ ခုနှစ်မှာ ၂ နှစ်ခွဲစာချုပ်ဖြင့် စတင်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။
ဂျာမနီက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ယူရို ၂၀၂၄ မတိုင်မှာ အပြုသဘောဆောင်တဲ့အရာများကို သူက လုပ်နိုင်ခဲ့တာပါ။ဇာတိမြေမှာတော့ နာဂယ်စ်မန်းရဲ့ လူငယ်ကစားသမားတွေပါဝင်တဲ့အသင်းဟာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့ပါတယ်။ သူတို့ဟာ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်သွားခဲ့တဲ့ စပိန်ရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပါတယ်။
ဆီမီးဖိုင်နယ်ရောက်ရှိခဲ့တဲ့ ယူရို ၂၀၁၆ ခုနှစ်ကတည်းက အသင်းရဲ့ ကွတားဖိုင်နယ်အထိ လုပ်ဆောင်မှုဟာ အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ကနဦးမှာ နာဂယ်စ်မန်းက ၂၀၂၆ ကမ္ဘာ့ဖလားအပြီးထိသာ ရှိဖို့ လုပ်ခဲ့ပေမယ့် အခုတော့ အဆိုပါပွဲပြီးနောက် နောက်ထပ် ၂ နှစ်ခွဲအထိ အသင်းကို ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ "စက်တင်ဘာ ၂၀၂၃ ခုနှစ်မှာ ကျွန်တော် ဒီကိုရောက်ပါတယ်။ ယူရိုပြီးနောက်မှာ အသင်းမှာဆက်ရှိဖို့အတွက် ကျွန်တော်မတွေးခဲ့ပါဘူး"
"တုံ့ပြန်မှုကောင်းကောင်းရရှိခဲ့သလို ဒါတွေက နေ့တိုင်းလိုလိုရခဲ့တာကြောင့် ကျွန်တော်တို့ရဲ့အသင်းနဲ့အတူလုပ်ဆောင်မှုက လမ်းကြောင်းမှန်မှာရှိခဲ့ပါတယ်။ကျွန်တော်တို့ ဆုဖလားတွေကို အတူရရှိချင်ပါတယ်" လို့ နာဂယ်စ်မန်းက ပြောပါတယ်။ ယခုနှစ်နေးရှင်းလိဂ်ဖိုင်နယ်သို့တက်ရောက်နိုင်ဖို့ အရည်အချင်းမှီခဲ့တဲ့ ၈ သင်းထဲမှာ ဂျာမနီက ပါဝင်ခဲ့ပါတယ်။