ဟယ်ရီကိန်းထံကနေ အများကြီးသင်ယူနေကြောင်း ပြောကြားလာတဲ့ မူစီယာလာ
ဂျာမနီလက်ရွေးစင် အသင်းနဲ့အတူ လက်ရှိကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ခြေစွမ်းကောင်းကို ဆက်တိုက်ပြသပြီး ဂိုးတွေလည်း သွင်းယူထားနိုင်တဲ့ ဘိုင်ယန်မြူးနစ် လူငယ်ကြယ်ပွင့်လေး ယာမယ်မူစီယာလာက ကလပ်အသင်းဖော် အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းဆီကနေ အများကြီးသင်ယူနေကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ မကြာသေးမီက အက်သလက်တစ်ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ မူစီယာလာဟာ သူနဲ့ ကိန်းတို့ရဲ့ကြားက ဆက်ဆံရေးအခြေအနေကိုဖွင့်ဟခဲ့ပြီး အင်္ဂလန်အသင်းခေါင်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
ပါရမီရှင်ကကစားသမားက “ကျွန်တော် ကိန်းဆီကနေအများကြီးသင်ယူနေပါတယ်။ ရာသီကုန်ခါနီးမှာ ကျွန်တော် ဒဏ်ရာနေခဲ့လို့ ကျွန်တော်တို့ ၂ ယောက်ကြားထဲက စည်းချက်က အနည်းငယ် ပျက်စီးသွားသလိုခံစားခဲ့ရပါတယ်။ ဒါပေမယ့် သူနဲ့ကျွန်တော် အဆက်အသွယ်ရှိနေသေးလို့ နောက်ရာသီမှာ ပိုကောင်းလာမယ်လို့ထင်ပါတယ်။ ကျွန်တော် သူ့ဆီကနေ ဘယ်လိုစိတ်ဓာတ်မျိုးရှိရမလဲဆိုတာ အမြဲတမ်းမေးနေခဲ့ပြီး လေ့ကျင့်ရေးကွင်းက သူ့ရဲ့ ကန်ချက်တွေကို အမြဲတမ်းစောင့်ကြည့်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဟယ်ရီကိန်းဆီကနေ အနီးကပ်သင်ယူခွင့်ရနေတာကြောင့် မူစီယာလာအနေနဲ့ ယခုနှစ်ယူရိုပြိုင်ပွဲမှာ ကန်ချက်တွေ ပိုထက်မြက်လာက အံ့ဩစရာတော့မဟုတ်ပါဘူး။ မူစီယာလာဟာ ကန်ချက်တွေပိုကောင်းလာပြီး ကိန်းရဲ့စိတ်ဓာတ်မျိုးကို အတုနေတယ်ဆိုပေမယ့် လောလောဆယ်မှာတော့ ကိန်းရဲ့ ဂိုးသွင်းစွမ်းရည်ကို အမှီလိုက်နိုင်ဖို့ ကြိုးစားရဦးမှာဖြစ်ပါတယ်။
လောလောဆယ် ဘိုင်ယန်မြူးနစ်ရဲ့အဓိက ဂိုးသွင်းစက်ဟာ ဟယ်ရီကိန်းဖြစ်နေပြီး နောက်ရာသီမှာ ကိန်းနဲ့ မူစီယာလာတို့ရဲ့ အတွဲအဖက်ဟာ အသင်းအတွက် အောင်မြင်မှုတွေပြန်လည်ဆွတ်ခူးပေးသွားနိုင်မလားစောင့်ကြည့်ရပါမယ်။