The network connection is lost.

Banner Image

ဘရန့်ဖို့ဒ်စတားကို ခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ ယူနိုက်တက်

သတင်းတွေအရ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်စတား အမ်ဘွီမိုကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတယ်လို့ သိရပါတယ်။ Daily Mail သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ အမ်ဘွီမိုကိုခေါ်ယူနိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။ ဘရန့်ဖို့ဒ်ဘက်က သူတို့စတားအမတွက် ပေါင် ၆၅ သန်းတောင်းဆိုနေပြီး ယူနိုက်တက်ဘက်က တစ်ပတ်လုပ်ခပေါင် ၂ သိန်းအောက်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်မယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ အမ်ဘွီမိုကို ၂ ကြိမ်တိုင်ကမ်းလှမ်းထားခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး ပထမတစ်ကြိမ်က ပေါင် ၅၅ သန်း ၊ ဒုတိယတစ်ကြိမ်က ပေါင် ၆၂.၅ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ တကယ်လို့အပြောင်းအရွှေ့ဖြစ်လာခဲ့ရင် ကင်မရွန်းသားဟာ အာမိုရင်ရဲ့နည်းစနစ်မှာ ကန်ဟာနဲ့အတူ နံပတ် ၁၀ နေရာမှာတွဲဖက်ကစားရဖွယ်ရှိနေပါတယ်။ သူတို့ ၂ ဦးပေါင်း ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ် ၃၅ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး ယူနိုက်တက်မှာလည်း ဆက်လက်စွမ်းဆောင်ရည်ကောင်းပြသနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

သတင်းတွေအရ အမ်ဘွီမိုဟာ ငယ်စဉ်ကတည်းက ယူနိုက်တက်ပရိသတ်ဖြစ်သလို တော့တင်ဟမ်က စိတ်ဝင်စားနေပေမယ့် ယူနိုက်တက်ထံသာပြောင်းချင်နေပါတယ်။ တကယ်လို့ယူနိုက်တက်အနေနဲ့ ဘရန့်ဖို့ဒ်တောင်းဆိုတဲ့တန်ကြေးကိုပေးချေနိုင်မယ်ဆိုရင် အပြောင်းအရွှေ့အတွက်ကျန်တာတွေက အလျင်အမြန်ပြီးစီးဖွယ်ရှိနေပါတယ်။လာမယ့်ပရီးမီးယားလိဂ်ရာသီသစ်ကို သြဂုတ်လ ၁၆ ရက်နေ့မှာစတင်မှာဖြစ်ပြီး ယူနိုက်တက်ကတော့ တိုက်စစ်ပိုင်းမှာ အမ်ဘွီမိုကိုထပ်မံပေါင်းထည့်ချင်နေပါတယ်။