The network connection is lost.

Banner Image

ယူနိုက်တက်ကြယ်ပွင့်နှစ်ဦးအား ဖီနာဘာချီထံ ခေါ်ယူချင်နေတဲ့ မော်ရင်ဟို

ဟွိုက်လန်း၊ မိုင်နူးနှင့် ဂါနာချိုတို့ကလွဲပြီး ကျန်ယူနိုက်တက်အသင်းသားတွေအားလုံးဟာ အရောင်းစာရင်းတင်ခံထားရတာဖြစ်ပါတယ်။

စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် မာရှယ်နှင့် ဗာရာနီတို့ဟာ ကလပ်မှထွက်ခွာသွားခဲ့ပြီဖြစ်ပြီး ယူနိုက်တက်ရဲ့ နွေရာသီအပြောင်းအရွှေ့အသုံးစရိတ်မှာ ပေါင် ၃၅ သန်းမျှသာ သတ်မှတ်ထားပြီး ကစားသမားရောင်းချမှုမှတစ်ဆင့် အဆိုပါပမာဏကို မြှင့်တင်ရန် အသင်းက စိတ်အားထက်သန်လျက်ရှိပါတယ်။ လင်ဒီလော့ဖ်ဟာကလည်း ရောင်းချဖွယ်ရှိတဲ့စာရင်းထဲမှာ ပါဝင်နေပြီး ဆွီဒင်လက်ရွေးစင်ကစားသမားအတွက် ဖီနာဘာချီက ဆွေးနွေးမှုတွေလုပ်နေတယ်လို့ တူရကီရှိသတင်တွေက ဖော်ပြထားပါတယ်။

SporX ရဲ့သတင်းမှာ ဖီနာဘာချီရဲ့အားကစားဒါရိုက်တာ ဘရန်ကိုဟာ မော်ရင်ဟို တောင်းဆိုထားတဲ့ ကစားသမားတွေကို ခေါ်ယူပေးဖို့ ကြိုးစားနေတာဖြစ်ပြီး နည်းပြကြီးကတော့ ၂၀၁၇ ခုနှစ်တွင် ဘင်ဖီကာမှ ပေါင်သန်း ၃၀ ဖြင့် ယူနိုက်တက်ထံ ခေါ်ယူခဲ့တဲ့ လင်ဒီလော့ဖ်နှင့် ပြန်လည်တွေ့ဆုံရန် စိတ်အားထက်သန်နေတာဖြစ်ပါတယ်။

ဖီနာဘာချီဟာ ယူရို ၁၀ သန်း (ပေါင် ၈.၅ သန်း) အောက်တန်ကြေးရှိတဲ့ စာချုပ်တစ်ရပ်ကို သဘောတူလိုကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။ လင်ဒီလော့ဖ်ရဲ့ စာချုပ်ဟာ လာမယ့်ဇူလိုင်လတွင် ကုန်ဆုံးမှာဖြစ်ကာ ယခုနွေရာသီဟာ ယူနိုက်တက်ရြ့ နောက်ဆုံးအခွင့်အရေးဖြစ်ပါတယ်။ ဒါ့အပြင် ဖီနာဘာချီဟာ ယခုနွေရာသီတွင် အသင်းပြောင်းရွှေ့ဖွယ်ရှိနေတဲ့ နောက်ထပ်ယူနိုက်တက်ကြယ်ပွင့် ကက်စ်မဲရိုးကို ခေါ်ယူရန် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ထားပါတယ်။

ဘရန်ကိုဟာ ယူနိုက်တက်ထံ စျေးနှုန်းများအတွက် တောင်းဆိုထားပြီး ပြောင်းရွှေးကြေးပမာဏက ၎င်းတို့တက်နိုင်ပါက ဘရာဇီးလ်လက်ရွေးစင်ကို တူရကီသို့ ခေါ်ဆောင်ရန် သဘောတူညီမှုရရှိမယ်လို့ သတင်းမှာဖော်ပြထားပါတယ်။  ဆော်ဒီပရိုလိဂ်အသင်းများကလည်း ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဟောင်းကို ခေါ်ယူရန် စိတ်ဝင်စားနေကြသော်လည်း ယူနိုက်တက်ရဲ့ ပေါင်သန်း ၃၀ အထိ တောင်းဆိုမှုကြောင့် စိတ်ပျက်ခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ကက်စ်မဲရိုးကို ရီးရဲလ်မက်ဒရစ်မှ ပေါင်သန်း ၇၀ ဖြင့် ခေါ်ယူခဲ့ပြီး ကွင်းလယ်ကစားသမားဟာ ပရီးမီးယားလိဂ်ရဲ့ပထမဆုံးရာသီတွင် အကောင်းဆုံး ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ၂၀၂၃-၂၄ ရာသီတွင် အသက် ၃၂ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ရုန်းကန်ခဲ့ရတာကြောင့် သူ့ရဲ့နေရာတွင် ရေရှည်အစားထိုးနိုင်ဖို့ စဉ်းစားနေရပြီဖြစ်ပါတယ်။

အခြားတူရကီကလပ်တစ်ခုဖြစ်တဲ့ ဂါလာတာစာရေးကလည်း ဝမ်ဘစ်ဆာကာကို ခေါ်ယူလိုနေပြီး ဆွေးနွေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။ လင်ဒီလော့ဖ်လိုပဲ ညာနောက်ခံလူဟာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး ကလပ်နှစ်သင်းစလုံးကြားမှာ ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို သဘောတူညီမှုရရှိရန် နီးစပ်နေပြီလို့  beIN Sport Turkey က ဖော်ပြထားပါတယ်။