The network connection is lost.

Banner Image

ဒဏ်ရာပြဿနာအတွက် အလွတ်နဲ့ရမယ့်ကစားသမားမျိုး ရှာဖွေနေတယ်လို့ အာတီတာ ပြောကြား

အာဆင်နယ်နည်းပြ အာတီတာက မိမိတို့အသင်းဟာ ဒဏ်ရာပြဿနာကြောင့် အလွတ်နဲ့ရမယ့်ကစားသမားမျိုးရှာဖွေနေတယ်လို့ ပြောကြားလိုက်ပါတယ်။ ဆာကာ ၊ ဂျီးဆပ်စ် ၊ မာတီနယ်လီ ၊ ဟာဗက်ဇ်တို့ဒဏ်ရာရရှိနေတာကြောင့် အာဆင်နယ်အတွက် တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာနည်းပါးလာခဲ့ပြီဖြစ်ပါတယ်။ မာတီနယ်လီက ၁ လလောက်နားရမှာဖြစ်ပြီး ဟာဗက်ဇ်က တံကောက်ကြောဒဏ်ရာ လက်ကျန်ရာသီကို လွဲချော်တော့မှာဖြစ်ပါတယ်။

တိုက်စစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေရှိတာကြောင့် အာဆင်နယ်ဟာ အလွတ်ရမယ့် ကစားသမားမျိုးရှာဖွေနေတာဖြစ်ပါတယ်။ “ကျွန်တော်တို့ တိုက်စစ်ပိုင်းအတွက် ဖြစ်နိုင်ချေတွေရှာဖွေနေပါတယ်။ ပြီးရင်တော့ ဆုံးဖြတ်ချက်ချမှတ်သွားမှာပါ။ ဟာဗက်ဇ်က တည်ကန်ဘောအပြီး ကန်ချက်ကို တားဆီးလိုက်ချိန်မှာ ဒဏ်ရာရရှိခဲ့တာပါ။ သေချာတာက ကျွန်တော်တို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ဒဏ်ရာရကစားသမားတွေများနေပါတယ်။ 

ရာသီတော်တော်များများမှာလည်း ဒဏ်ရာပြဿနာတွေနဲ့ပဲ နပန်းလုံးခဲ့ရပါတယ်။ ကာလာဖီအိုရီ ၊ မာရီနို ၊ ဆာကာ ၊ အိုဒီဂတ်တို့ကိုလည်း ၂ လလောက်စီလက်လွှတ်ခဲ့ရပါသေးတယ်။ ဒါကြောင့် စိန်ခေါ်မှုတွေက ရောက်လာပါပြီ။ ကျွန်တော် အဲ့တာကို ကြိုက်ပါတယ်။ ပြီးတော့ ရှေ့ဆက်သွားရပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်အပေါ်မှာပြောခဲ့သလို အဓိကကစားသမားတွေမပါပဲ ကန်ခဲ့ရတာတွေရှိပါတယ်။ အသင်းကတော့ ရှေ့ဆက်သွားနေရမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ လာမယ့်စနေနေ့မှာ လက်စတာနဲ့အဝေးကွင်းပွဲကန်ရမှာဖြစ်ပြီး အနိုင်ရရှိခဲ့မယ်ဆိုရင် လီဗာပူးအသင်းနဲ့ ၄ မှတ်အကွာကို ရောက်ရှိလာမှာဖြစ်ပါတယ်။ အာတီတာက မာတီနယ်လီ နဲ့ ဟာဗက်ဇ်တို့ဒဏ်ရာရရှိခဲ့တာ မိမိတို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။