အလက်ဇန်းဒါးအာနိုးလ်အား ဒေးဗစ်ဘက်ခမ်းနှင့် နှိုင်းယှဉ်လိုက်တဲ့ ယူနိုက်တက် ကစားသမားဟောင်း ဒန်းနစ်အာဝင်
ရီးရဲလ်မက်ဒရစ်နှင့် ချိန်ဆက်မှုများ ရှိနေစဉ်မှာ လီဗာပူးရဲ့ကစားသမားအာနိုးလ်ကို ဒေးဗစ်ဘက်ခမ်းနှင့် ယူနိုက်တက်ကစားသမားဟောင်းက ဒန်းနစ်အာဝင်က နှိုင်းယှဉ်လိုက်ပါတယ်။
ဒီရာသီအပြောင်းအးရွှေ့မှာ လီဗာပူးရဲ့ခံစစ်မှူးဟာ အားလုံးရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတာဖြစ်ပါတယ်။ အသက် ၂၆ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က ထိပ်ဆုံးက ရှိနေတာပါ။ အာနိုးလ်ဟာ ခေတ်သစ်ခံစစ်မှူးတစ်ဦးမှာရှိသင့်တဲ့ အရည်သွေးတွေရှိပြီး တိုက်စစ်ကိုပါ ဦးဆောင်နိုင်တဲ့ အရည်သွေးရှိတယ်လို့ အာဝင်က ပြောပါတယ်။ အင်္ဂလန်သားဟာ အသင်းဖော်တွေကို ဘောလုံးပေးရာတွင် ကောင်းမွန်တာကြောင့် အာဝင်က ယူနိုက်တက်နှင့် အင်္ဂလန်ကစားသမားဟောင်း ဘက်ခမ်းနှင့် နှိုင်းယှဉ်လိုက်တာဖြစ်ပါတယ်။
Stick to Football ပေါ့ကတ်တွင် ဒန်းနစ်အာဝင်က "သူ့ရဲ့ဘောလုံးပေးမှုတွေကြောင့် အာနိုးလ်က ဘက်ခမ်းနဲ့တူပါတယ်။ အာနိုးလ်ရဲ့ ဘောလုံးပေးပို့မှုက ကျွန်တော် မြင်ဖူးနေကျသူနဲ့တူပါတယ်။ ခံစစ်ပိုင်းမှာ မေးခွန်းထုတ်စရာဖြစ်ပေမယ့် သူက ခေတ်သစ် တောင်ပံခံစစ်မှူး တစ်ဦးပါပဲ။ ပြီးခဲ့တဲ့လ ယူနိုက်တက် လီဗာပူးပွဲစဉ်မှာ သူတို့က အဲ့ဒီနေရာကို အာရုံစိုက်ခဲ့ကြပါတယ်"
"တိုးတက်ဖို့ သူက သင်ယူရမှာဖြစ်ပြီး ခံစစ်မှာ ပိုကောင်းလာမှာပါ။ တိုက်စစ်ပိုင်းမှာတော့ ရှေ့တက်ဖို့ သူက သဘောကျသူဖြစ်ပါတယ်။ ထိပ်တန်းအသင်းက ကစားသမားတစ်ဦးဆိုရင် ဘောလုံးနဲ့ အသားကျပြီး အဆင်ပြေနေရမှာပါ" "တိုက်စစ်အတွက်ကတော့ အာနိုးလ်က အံ့ဩဖွယ် ကစားသမားပါ။ ဝေါလ်ကာကလည်း မန်စီးတီးမှာ အရမ်းကောင်းတဲ့သူပါ။ ရော်ဘတ်ဆင်ဆိုရင်လည်း လိမ္မာပါးနပ်တဲ့သူဖြစ်ပြီး လီဗာပူးအတွက် ကစားပေးနေတာကြပါပြီ။ ဖူလ်ဟမ်က ကစားသမားအကြောင်းကိုလည်း ပြောရမှာဖြစ်ပြီး အန်တိုနီရော်ဘင်ဆင်ကလည်း အရမ်းတော်တဲ့သူပါ" လို့ သူက ပြောပါတယ်။
အာနိုးလ်က ကွင်းလယ် သို့မဟုတ် ညာအခြမ်းသို့ ပြောင်းရွှေ့ကစားနိုင်မယ့် အလားအလာရှိမေပယ့် သူ့ရဲ့ခံစစ်ကစားပုံကြောင့် မေးခွန်းထုတ်ခြင်းခံနေရတာပါ။ သို့သော်လည်း တောင်ပံခံစစ်မှူးတစ်ဦးအတွက် ကွင်းလယ်မှာ ကစားရတာက နှိုင်းယှဉ်ဖို့ ခက်ခဲပြီး ဒီလိုပြောင်းလဲကစားတဲ့ကစားသမားတွေထဲမှာ ဘိုင်ယန်မြူးနစ်က ဖီးလစ်လမ်းတစ်ဦးသာ အောင်မြင်ခဲ့တာပါ။
အာဝင်က "ပွဲက မြန်ဆန်တဲ့အတွက်ကြောင့် ခံစစ်မှူးတစ်ဦးအတွက် ကွင်းလယ်ကို ပြောင်းကစားဖို့ဆိုတာက ခက်ပါတယ်။ အဲ့ဒီလို ပထမဆုံးလုပ်ခဲ့တဲ့ ဖီးလစ်လမ်းကိုပဲ ကြည့်ပါ။ သူက အရမ်းကိုကောင်းပါတယ်" လို့ ပြောပါတယ်။ ဒီနွေရာသီ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ လီဗာပူးစတားဟာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပြီး အင်္ဂလန်အသင်းဖော် ဘယ်လင်ဂမ်နှင့် ဘာနေဗျူးမှာ ပေါင်းစည်းနိုင်မှာ ဖြစ်ပါတယ်။ဇန်နဝါရီမှာ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုများရှိနေပေမယ့် အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ရာသီကုန်မှသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။