
The network connection is lost.

ကာရာဘောင်ဖလားဗိုလ်လုပွဲတွင် မပါဝင်နိုင်မှာစေခဲ့တဲ့ အာနိုးလ်ရဲ့ ဒဏ်ရာပြဿနာအတွက် မည်သူကိုမျှအပြစ်မတင်လိုကြောင်း ကလော့ပ်က ပြောကြားလိုက်ပါတယ်။
လီဗာပူး နောက်ခံလူဟာ ဘန်လေနဲ့ ကစားခဲ့တဲ့ စနေနေ့ကပွဲစဉ်မှာ ဇန်နဝါရီရဲ့ပွဲစဉ်အများစုကို လွဲချော်စေခဲ့တဲ့ ဒူးဒဏ်ရာ ပြန်လည်ရရှိခဲ့ပါတယ်။ ဒါဟာ အားနိုးလ်ရဲ့ ဒုတိယမြောက် ပြန်လည်စတင်ခြင်းဖြစ်ပေမဲ့ လီဗာပူးနည်းပြက သူရော ဆေးဘက်ဆိုင်ရာအဖွဲ့ကပါ အရင်ကရရှိထားတဲ့ အရွတ်ဒဏ်ရာပြဿနာကနေ ပြန်လည်ကောင်းမွန်မလာခင်မှာ စွန့်စားပြီး သုံးမှာမဟုတ်ပါဘူးလို့ ဝန်ခံပြောကြားထားပါတယ်။
အာနိုးလ်ဟာ ၅ ပွဲထက်မနည်း လွဲချော်မှာဖြစ်သော်လည်း မတ် ၁၀ ရက်နေ့ မန်စီးတီးနှင့်ကစားရမယ့် အရေးကြီးတဲ့ ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝနိုင်နေတာဖြစ်ပါတယ်။ စနေနေ့ ဘရန့်ဒ်နဲ့ ကစားမယ့်ပွဲမှာ တံကောက်ကြောဒဏ်ရာကနေ ပြန်ကောင်းလာမယ့် ဆာလက်ကို မြင်တွေ့ရဖွယ်ရှိပေမယ့် နည်းပြ ကလော့ပ်ကတော့ အဆိုပါပွဲမတိုင်မီမှာ အာနိုးလ်ရဲ့ အခြေအနေကို ရှင်းပြချင်တယ်လို့ ဆိုပါတယ်။
"ကျွန်တော်နည်းနည်းလောက်တော့ ရှင်းပြချင်ပါတယ်။ ကျွန်တော် ဒီမှာရှိနေသရွေ့ ဘယ်သူ့ကိုမှ တွန်အားပေးပြီး အလျှင်စလိုကစားခိုင်းတာမျိုး လုပ်မှာမဟုတ်ပါဘူး" "အခြေအနေတိုင်းက မတူဘူး။ အချို့ကစားသမားတွေက ၃ ရက်အကြာမှာ ကြံ့ခိုင်မှုရှိနေနိုင်ပြီး အခြားကစားသမားတွေကတော့ ရက်သတ္တပတ် ၄ ပတ်လောက်မှ ကြံ့ခိုင်မှုပြည့်ဝပါတယ်" "ဒါဟာ ကံဆိုးတာပါ။ ဒုတိယဒဏ်ရာ ဖြစ်ခဲ့တာလား ဒါမှမဟုတ် အရင်က တစ်ခုခုဖြစ်ခဲ့သလားဆိုတာ ကျွန်တော်တို့ ဘယ်တော့မှ မသိနိုင်ပါဘူး။ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး" "ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးမှာ ချက်ချင်းပြန်ကောင်းအောင် လုပ်ပေးနိုင်တဲ့ ဆေးဘက်ဆိုင်အဖွဲ့ရှိလားဆိုတာ မသေချာပေမယ့် အဲဒါနဲ့တော့ ဘာမှမဆိုင်ပါဘူး" "ကစားသမားတွေကို တတ်နိုင်သမျှ မြန်မြန်ပြန်ကောင်းအောင်လုပ်ပေးရမှာဖြစ်ပေမယ့် ကျွန်တော်တို့အမြင်အရတော့ သူတို့အဆင်သင့်ဖြစ်နေတဲ့ အနေအထားထက် ဘယ်တော့မှ စောစောအသုံးမပြုပါဘူး"လို့ ကလော့ပ်က ပြောပါတယ်။
ကလော့ပ်အတွက် ပိုကောင်းတဲ့သတင်းတစ်ခုကတော့ ဆာလက်ဟာ ပြီးခဲ့တဲ့အပတ်က လွဲချော်ခဲ့တဲ့ ကိုနာတေ၊ ဂိုးမက်ဇ်၊ ဘရက်ဒ်လေတို့နဲ့အတူ လန်ဒန်သို့ ခရီးထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ "ဆာလက်က လေ့ကျင့်ခန်းအပြည့်အဝပြန်ဆင်းနေပြီ၊ အဲဒါက သူ့ကို ပြိုင်ဆိုင်မှုမှာ အလိုအလျောက် ခေါ်ဆောင်လာမှာပါ" လို့ ဂျာမန်သားနည်းပြက အတည်ပြုခဲ့ပါတယ်။
အီဂျစ်နိုင်ငံသားဟာ ပြီးခဲ့တဲ့လက AFCON တွင် လက်ရွေးစင်အသင်းအတွက် ကစားပေးရင်း ဒဏ်ရာရရှိသွားပြီးနောက် လီဗာပူးအတွက် ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။ ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်းကတော့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ဝင်ဘာလေမှာ ကစားမယ့် ဖိုင်နယ်မှာ ပါဝင်နိုင်မှာဖြစ်ကြောင်း ကလော့ပ်က အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
"ဒါဟာ ကျပ်တည်းလွန်းတဲ့ ကာလပါ။ လူတွေက ဖိုင်နယ်အကြောင်းပဲ တွေးနေကြပေမယ့် ကျွန်တော်တို့မှာ ဘရန့်ဖို့ဒ်၊ လူတန်တောင်းတို့နဲ့ ကစားရအုံးမှာဖြစ်လို့ ဖိုင်နယ်အကြောင်းကို တစ်စက္ကန့်လောက်မှ မစဉ်းစားနိုင်သေးပါဘူး" "ဒါက ဖိုင်နယ်ဆိုတာ ဟုတ်ပါတယ်၊ တစ်ပွဲတည်းပါ ဒါပေမယ့် သူတို့ မကစားနိုင်တဲ့ နှစ်ပွဲ ရှိပါတယ်" "ဆိုဘိုဆလိုင်းက ဖိုင်နယ်ပွဲစဉ်လောက်မှာ ကစားနိုင်ဖွယ်ရှိနေပြီး ဘယ်လိုလဲဆိုတာကို ကျွန်တော်တို့ ကြည့်ရမှာဖြစ်ပါတယ်။ အာနိုးလ်နဲ့ဆိုရင် တစ်ပတ်နှစ်ပတ်လောက်ကြာနိုင်တာမို့ သိပ်တော့အဆင်မပြေပါဘူး" "ဆိုဘိုဆလိုင်းက ဖိုင်နယ်အတွက် အခွင့်အရေး ရှိတယ်လို့ သေချာမပြောနိုင်ပေမယ့် ဖြစ်နိုင်ပါတယ်။ အာနိုးလ်ကတော့ နောက်ပွဲတွေမှ ကစားရမှာဖြစ်ပါတယ်" လို့ ကလော့ပ်က ပြောပါတယ်။