The network connection is lost.

Banner Image

ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ဒဏ်ရာပြဿနာစိုးရိမ်မှု ပပျောက်ကင်းစင်သွားတဲ့ အမ်ဘာပေ

ဒဏ်ရာပြဿနာစိုးရိမ်မှုကောလာဟလတွေ ပျံ့နှံ့နေပေမယ့် အမ်ဘာပေကို ယူရို-၂၀၂၄ ပြိုင်ပွဲစတင်ချိန်မှာ ကြံ့ခိုင်မှုပြည့်ဝနေမယ်လို့ မျှော်လင့်ရပါတယ်။ ပြင်သစ်အသင်းရဲ့ ယူရိုပြိုင်ပွဲအကြို ပထမဆုံးသွေးပူလေ့ကျင့်ခန်းဖြစ်တဲ့ လူဇင်ဘော့ကို သုံးဂိုးပြတ် အနိုင်ရရှိတဲ့ ခြေစမ်းပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်သစ် ပွဲထွက်ပါဝင်ကစားခဲ့ပေမယ့် ကနေဒါနဲ့ ဆက်လက်ရင်ဆိုင်ရတဲ့ ခြေစမ်းပွဲစဉ်မှာတော့ အရန်ခုံတန်းမှတဆင့်ပဲ ပါဝင်ကစားခဲ့ပါတယ်။
 
အမ်ဘာပေရဲ့အခုလိုပွဲကစားချိန်နည်းပါးသွားမှုကြောင့် ဇွန် ၁၇ ရက်၊ သြစတြီးယားနဲ့ရင်ဆိုင်ရမယ့် ပြင်သစ်အသင်းရဲ့အုပ်စုအဖွင့်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ရေး စွန့်စားမှုတစ်ခု ပြုလုပ်ရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ပေါက်လာပါတယ်။ ဒါပေမယ့် အမ်ဘာပေရဲ့နောက်ကျောကြွက်သားဒဏ်ရာက စိုးရိမ်ရတဲ့အဆင့်မျိုးမဟုတ်သလို ကြိုတင်ကာကွယ်မှုတစ်ခုအပေါ် အခြေခံကာ ပွဲထွက်ကစားဖို့ ပျက်ကွက်ခဲ့ခြင်းဖြစ်တယ်လို့ ပြင်သစ်နာမည်ကြီးသတင်းဌာန L’Equipe ရဲ့ သတင်းရင်းမြစ်တွေက အတည်ပြုပေးခဲ့ပါတယ်။
 
အမ်ဘာပေက အသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး အပြောင်းအလဲကြီးကြီးမားမားမရှိပါက သြစတြီးယားနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသွားပါလိမ့်မယ်။ ဒီဒီယာဒက်စ်ချမ့်စ်ကတော့ အမ်ဘာပေအပါအဝင် အသင်းရဲ့အင်အားတောင့်တင်းလှတဲ့ တိုက်စစ်ပိုင်းအတွက် ဘယ်သူ့ကို ပွဲထွက်ခွင့်ပေးမလဲဆိုတာ လေ့လာအကဲဖြတ်နေဆဲပဲလို့ ယူဆရပါတယ်။
 
ပြင်သစ်အသင်းနည်းပြဖြစ်သူရဲ့အစီအမံတွေအနက် ဂျီရူးနဲ့ အမ်ဘာပေတွဲဖက်ကာ အေတီကိုကွင်းလယ်ဖန်တီးရှင် ဂရစ်ဇ်မန်းကို No. 10 Role မှာ တာဝန်ပေးတာမျိုး ရှိကောင်းရှိလာနိုင်ပါတယ်။