The network connection is lost.
ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းနှင့် စာချုပ် ချုပ်ဆိုထားခြင်းမရှိကြောင်း စပိန်မြို့တော်သို့ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အချိန်တွင် ငြင်းဆိုခဲ့ပါတယ်။ သဘောတူညီချက်အတွက် ရီးရဲလ်မက်ဒရစ်နှင့် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်လို့ အချို့သောသတင်းတွေက အခိုင်အမာဆိုထားသော်လည်း စာချုပ်အတွက် အချက်အလက်တွေကိုသာ သဘောတူညီမှုရရှိထားပုံရပါတယ်။
အသင်းနှင့် စာချုပ်သက်တမ်းတိုးမှာမဟုတ်ကြောင်းကို လွန်ခဲ့တဲ့ ၂ ပတ်က အမ်ဘာပေဟာ ကလပ်ဥက္ကဌအား ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ရာသီကုန်တွင် ကလပ်မှထွက်ခွာတော့မှာဖြစ်ကြောင်း ပီအက်စ်ဂျီက အသိပေးခဲ့ပါတယ်။
RMC ရဲ့ဖော်ပြချက်အရ အမ်ဘာပေဟာ အဆိုပါသဘောတူညီချက်ကို ငြင်းဆိုထားပါတယ်။ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ အင်္ဂါနေ့ညက ပြင်သစ်သမ္မတ မက်ခရွန်နှင့် ကာတာစော်ဘွားတို့ ပါဝင်တဲ့ ညစာစားပွဲကို တက်ရောက်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်နှင့် တစ်စုံတစ်ရာ လက်မှတ်မထိုးရသေးကြောင်း ပြောကြားခဲ့ပါတယ်။ ဒါတောင် သူ့လက်မှတ်က အချိန်အတိုင်းအတာတစ်ခုထက် ပိုတယ်လို့ ပြောဆိုထားတာမရှိပါဘူး။
ယခုနွေရာသီမှာ အမ်ဘာပေအတွက် ရွေးချယ်စရာ အနည်းငယ်သာရှိနေပြီး သူ့ရဲ့လုပ်ခလစာတောင်းဆိုမှုကို ကလပ်အသင်းအနည်းငယ်သာ တတ်နိုင်တာကြောင့်သာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ အဖြူရောင်ဂျာစီကို ၀တ်ဆင်ဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ အမ်ဘာပေက ဖော်ပြထားပါတယ်။ သေချာတာကတော့ စပိန်မြို့တော်မှာ လာမယ့်ရာသီတွင် သူရောက်ရှိနေမယ်လို့ ယူဆရပါတယ်။