The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ကို လွမ်းနေပြီး အမေရိကန်လက်ရွေးစင်နည်းပြတာဝန်ပြီးရင် ပြန်လာဖို့ စီစဉ်ထားကြောင်း ပိုချက်တီနိုဖွင့်ဟလာ

အမေရိကန်အမျိုးသားဘောလုံးအသင်းနည်းပြ မော်ရီစီယိုပိုချက်တီနိုက ပရီးမီးယားလိဂ်ကို လွမ်းနေပြီဖြစ်ပြီး အနာဂတ်မှာ အင်္ဂလန်ဘောလုံးလောကဆီ ပြန်လာဖို့ မျှော်လင့်ထားကြောင်း ဝန်ခံလိုက်ပါတယ်။ အာဂျင်တီးနားသားဟာ ချဲလ်ဆီးက ထွက်ပြီး လေးလအကြာ ၂၀၂၄ စက်တင်ဘာလမှာ အမေရိကန်ရဲ့ တာဝန်ကို စယူခဲ့တာပါ။ အခုဆိုရင် အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အသင်းကို ဦးဆောင်ဖို့ ပြင်ဆင်နေပါတယ်။

ပိုချက်တီနိုက"ပရီးမီးယားလိဂ်က ကမ္ဘာ့အကောင်းဆုံးလိဂ်ပါပဲ။ အင်း... ဟုတ်ပါတယ်၊ ကျွန်တော် လွမ်းနေတာပေါ့။ ကျွန်တော် အမေရိကမှာ ပျော်ပေမဲ့ တစ်နေ့နေ့ကျရင် ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့လည်း စဉ်းစားထားပါတယ်ဗျာ။ အဲဒါက ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်ပဲမဟုတ်လား"လို့ ပြောခဲ့ပါတယ်။

ပိုချက်တီနိုဟာ တော့တင်ဟမ်မှာ အောင်မြင်မှုတွေ ရခဲ့တဲ့ကာလအတွင်း နာမည်ကြီးလာခဲ့ပြီး အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ဖလားနဲ့လည်း နီးစပ်ခဲ့ဖူးပါတယ်။ အဲဒီကာလကို ပြန်ပြောပြရင်း ပိုချက်တီနိုက "ကျွန်တော်တို့ တော့တင်ဟမ်မှာ တော်တော်လေး နီးစပ်ခဲ့တယ်လို့ ထင်ပါတယ်။ ဆုဖလားကြီးကို မရရုံတမယ် ထိလုနီးပါး ဖြစ်ခဲ့တာပေါ့။ အဲဒါက ကျွန်တော် ရယူချင်တဲ့အရာတစ်ခုပါပဲ" လို့ ပြောခဲ့ပါတယ်။