The network connection is lost.

Banner Image

ပရီးမီးယားလိဂ်ဖလားသိမ်းပိုက်ရေးမှာ အမှားခံလို့မရဘူးလို့ အာတီတာပြော

အာဆင်နယ်နည်းပြ မီကယ်အာတီတာက ပရီးမီးယားလိဂ်ရာသီရဲ့ အရေးကြီးအချိန်မှာ အသင်းအနေနဲ့ အမှားတွေ လုပ်လို့မဖြစ်ဘူးဆိုတာ သိထားပေမယ့်၊ ဆုဖလား ပြိုင်ဆိုင်မှုအကြောင်းကို အခုထိ စဉ်းစားမထားသေးဘူးလို့ ဆိုပါတယ်။ တိုက်စစ်မှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပေမယ့်၊ အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်က လက်စတာကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ကွင်းလယ်ကစားသမား မီရီနိုက ၂ ဂိုးသွင်းပြီး အနိုင်ရဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ 

ဖလားအနိုင်ရဖို့အကြောင်း မေးမြန်းခံရတဲ့အခါ အာတီတာက “ကစားဖို့ ပွဲတွေ အများကြီးကျန်သေးတယ်။ ပွဲတွေကို အနိုင်ရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ အားလုံး မြင်နေရတယ်။ကွာဟချက်က အရမ်းနည်းတယ်။ အရာအားလုံးက အရေးကြီးတယ်။” လို့ ပြောပါတယ်။ ၁၃ ပွဲ ကျန်ရှိနေပြီး လီဗာပူးက တစ်ပွဲ ပိုကစားထားချိန်မှာ အာဆင်နယ်နည်းပြကို သူတို့အသင်းအနေနဲ့ ၂၀၀၃ ခုနှစ် နောက်ပိုင်း ပထမဆုံး အင်္ဂလန် ချန်ပီယံဆုကို နောက်ဆုံးမှာ ဆွတ်ခူးနိုင်မယ်လို့ သူ ယုံကြည်မှု ရှိမရှိကို ထပ်မံဖိအားပေး မေးမြန်းခဲ့ပါတယ်။

သူက “ဘောလုံးမှာ ‘ဆိုရင်’ ဆိုတာတွေ၊ ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော်တို့ လက်ထဲမှာ ဘာပဲရှိရှိ လုပ်ဆောင်ကြပါစို့။ ကျွန်တော် လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။