The network connection is lost.

Banner Image

ချဲလ်ဆီးအသင်းအနိုင်ရရှိခဲ့ပေမဲ့ ဒီလပ် ဒဏ်ရာရရှိမှုအတွက် စိုးရိမ်နေတဲ့ မာရက်စကာ

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စကာက စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဖူလ်ဟမ်အသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွင်း တိုက်စစ်မှူး လီယံဒီလပ် ဒဏ်ရာရရှိခဲ့တာကြောင့် အချိန်အတော်ကြာအနားယူရမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ဒဏ်ရာရရှိနေတဲ့ ကိုးလ်ပယ်လ်မာအစား ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့တဲ့ ဒီလပ်ဟာ ပွဲချိန် ၁၄ မိနစ်မှာ ဘောလုံးလိုက်လုရင်း ဒဏ်ရာရရှိခဲ့တာကြောင့် လူစားလဲခဲ့ရပြီး လူငယ်တိုက်စစ်မှူး တိုင်ရစ်ဂျော့ခ်ျနဲ့ အစားထိုးခဲ့ပါတယ်။

မာရက်စကာက "လီယံဒီလပ်က ဒီလိုဒဏ်ရာမျိုးကြောင့် ခြောက်ပတ်ကနေ ရှစ်ပတ်အထိ အနားယူရဖို့ရှိပါတယ်။ အခြေအနေက မကောင်းဘူး။ အရှိန်နဲ့ ပြေးနေတဲ့အချိန်မှာ ခြေသလုံးကြွက်သားဒဏ်ရာရသွားတာဖြစ်ပြီး ရက်သတ္တပတ်အတော်ကြာ ကုသမှုခံယူရမှာပါ" လို့ပြောပါတယ်။ ဒီလပ်ဒဏ်ရာရရှိမှုကြောင့် ဂျက်ဆန်ရဲ့ အပြောင်းအရွှေ့ကို ပယ်ဖျက်နိုင်ခြေရှိလားဆိုတဲ့မေးခွန်းကို မာရက်စကာက "ကျွန်တော် ခုနပဲပွဲပြီးလို့ရောက်လာတာဖြစ်ပြီး ဘာမှမသိသေးပါဘူး။ အခုမှထိုင်ပြီးကြည့်ရဦးမှာပါ" လို့ ဖြေကြားခဲ့ပါတယ်။

ဒီအခြေအနေကြောင့် တိုက်စစ်မှူးတစ်ဦးထပ်မံခေါ်ယူဖို့နဲ့ပတ်သက်ပြီး ကလပ်အသင်းက သူတို့ရဲ့ရွေးချယ်မှုတွေကို ဆန်းစစ်သွားမှာဖြစ်တယ်လို့ နည်းပြကပြောကြားခဲ့ပါတယ်။