The network connection is lost.

Banner Image

ဒီလပ်ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း နော်တင်ဟမ်ဖောရက်စ် တရားဝင်ကြေညာ

နော်တင်ဟမ်ဖောရက်စ်အသင်းက ချဲလ်ဆီးတိုက်စစ်မှူး လီယမ်ဒီလပ်ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

ဖောရက်စ်က ဒီလပ်အတွက် ပေါင် ၄၅ သန်းဝန်းကျင် အသုံးပြုခဲ့ရပြီး ငါးနှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

🗣️ ဒီလပ်က “ကျွန်တော် ပွဲစတင်ကစားဖို့ တကယ်မစောင့်နိုင်တော့ပါဘူး၊ ဒီအသင်းက ကြီးကျယ်တဲ့ သမိုင်းကြောင်း ရှိတဲ့ အသင်းကြီးတစ်သင်းပါ။ ကျွန်တော် နည်းပြနဲ့ စကားပြောခဲ့ပြီး သူ့ရဲ့နည်းစနစ်ကို သဘောကျပါတယ်၊ သူက ကျွန်တော့်ကို အမှန်တကယ် တိုးတက်လာအောင်နဲ့ နောက်တစ်ဆင့် တက်လှမ်းနိုင်အောင် ကူညီပေးနိုင်မယ့်သူ ဖြစ်မယ်လို့ ထင်ပါတယ်၊ ဒီမှာ ဂိုးတွေ အများကြီး သွင်းယူပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။ 

ဘောလုံးဆိုင်ရာအရာရှိချုပ် ဂျော့ချ်ဆီရီယာနော့စ်က “လီယမ်က ထိပ်တန်းပါရမီရှင်တစ်ဦးဖြစ်သလို ကျွန်တော်တို့ ကာလရှည် စောင့်ကြည့်လာခဲ့တဲ့သူ ဖြစ်ပါတယ်။ သူ ကျွန်တော်တို့နဲ့ ပူးပေါင်းလာတဲ့အတွက် အလွန်ပဲ ဝမ်းမြောက်မိပါတယ်။

သူက လူငယ် ကစားသမားတစ်ဦးဖြစ်ပေမဲ့ ကစားသမားဘဝတစ်လျှောက် မတူညီတဲ့ အဆင့်တွေမှာ အတွေ့အကြုံ အများအပြား ရှိထားပြီးဖြစ်သလို ပိုတိုးတက်လာဖို့နဲ့ အသင်းရဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်စေဖို့ တစ်စိတ်တစ်ပိုင်းကနေ ပါဝင် ကူညီပေးချင်တဲ့ ဆာလောင်မှု အပြည့်နဲ့ ဒီကို ရောက်ရှိလာတာဖြစ်ပါတယ်။

သူက ဒီလိဂ်ရဲ့ လိုအပ်ချက်တွေကို နားလည်ထားပြီး ချက်ချင်းခြေစွမ်းပြချင်နေတာကြောင့် ဖောရက်စ်ဂျာစီနဲ့ သူ့ကို မြင်တွေ့ရဖို့ ကျွန်တော်တို့ အားလုံး စောင့်မျှော်နေကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒီလပ်က ဖောရက်စ်မှာ၂၀၂၆-၂၇ ရာသီအတွက် ကျောနံပါတ် ၁၉ ဂျာစီကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။