ဖူလ်ဟမ်ကိုအရေးနိမ့်ပြီးနောက် မာဒူကီ နဲ့ ဂျာအိုဖီးလစ်တို့ကို ချန်လှပ်ခဲ့တဲ့အပေါ် မာရက်စ်ကာ ရှင်းလင်း
ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ဖူလ်ဟမ်ကို ၂-၁ နဲ့အရေးနိမ့်ခဲ့ပြီးနောက် ဂျာအိုဖီးလစ်ကို အရန်ခုံမှာ ချန်လှပ်ခဲ့ပြီး မာဒူကီကို လူစာရင်းကနေ ချန်လှပ်ခဲ့တဲ့အပေါ် ရှင်းပြလိုက်ပါတယ်။ ပယ်လ်မာက ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဖူလ်ဟမ်က နောက်ကနေလိုက်ကစားပြီး ဟယ်ရီဝီလ်ဆင် နဲ့ မူနစ်တို့ ချေပဂိုးတွေ အနိုင်ဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
မာရက်စ်ကာဟာ အဆိုပါပွဲမှာ လူစားလဲမှု ၁ ကြိမ်သာပြုလုပ်ခဲ့ပြီး ဂျက်ဆင်နေရာမှာ အန်ကူကူကိုသာ ထည့်သွင်းခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှာခြေစွမ်းကောင်းတွေပြသနေတဲ့ ဆန်ချို နဲ့ ပက်ဒရိုတို့ကိုတော့ လူစားမလဲခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ စတင်ကတည်းက အပြောင်းအလဲလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ တစ်ဦးတည်း လူစားလဲရတာက မလုံလောက်ခဲ့ပါဘူး။ ဒါပေမယ့် ဒီနေ့ညမှာ အပြောင်းအလဲတစ်ကြိမ်ပဲလုပ်နိုင်ခဲ့ပါတယ်။
ဘာလို့လဲဆိုတော့ အခြားကစားသမားတွေက စွမ်းဆောင်ရည်ကောင်းတွေပြသနေတာကြောင့်ပါ။ ဂျက်ဆင်တောင် အများကြီးပြေးလွှားနေခဲ့ပါတယ်။ သူ့ကိုလူစားလဲဖို့တောင် တော်တော်လေးစဉ်းစားခဲ့ရပါတယ်။ ဒါပေမယ့် ကျန်တဲ့သူတွေက စွမ်းဆောင်ရည်ကောင်းတွေပြသနေတာကြောင့် လူစားလဲဖို့ မသင့်တော်ဘူးလို့ ထင်ခဲ့တာပါ။
အကြောင်းပြချက်က ကျွန်တော်ပြောသလိုပါပဲ။ ကျန်တဲ့လူစားလဲမှုတွေမလုပ်တာက ကစားပုံတော်တော်လေးကောင်းနေတာတွေကြောင့်ပါ။ ပြီးတော့ ဂျာအိုဆိုရင်လည်း ပယ်လ်မာနဲ့ကစားပေါက်ဆင်ပါတယ်။ အချို့ပွဲတွေမှာ သူတို့အတူတူကစားခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့တာက မျှခြေတစ်ခုပါ။ အကြောင်းပြချက်ကတော့ ကျွန်တော်အပေါ်ကပြောခဲ့သလိုပါပဲ”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဟာ အခုရှုံးပွဲကြောင် ထိပ်ဆုံးနေရာက လီဗာပူးအသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။ လာမယ့်ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ချဲလ်ဆီးအသင်းဟာ အစ်ဝှစ်တောင်းအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။