The network connection is lost.

Banner Image

အသက် ၈၄ နှစ်အရွယ်မှာတင် ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်ဂန္ထဝင် ဒင်းနစ်လော

သတင်းတွေအရ ယူနိုက်တက်ဂန္ထဝင် ဒင်းနစ်လောတစ်ယောက် အသက် ၈၄ နှစ်အရွယ်မှာတင် ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။ သောကြာနေ့ညနေခင်းတုန်းကကြေညာချက်မှာ ဒင်းနစ်ရဲ့မိသားစုက “နှလုံးကြေကွဲဝမ်းနည်းဖွယ်ရာ တစ်ခုပြောပြဖို့ ရှိပါတယ်။ အဲ့တာက ကျွန်တော်တို့ရဲ့ဖခင်ဖြစ်သူ ဒင်းနစ်လောတစ်ယောက် ကွယ်လွန်ခဲ့ပါပြီ။ 

သူက ခက်ခဲတဲ့တိုက်ပွဲတစ်ပွဲကို ဆင်နွှဲခဲ့ရပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ သူ့အနေနဲ့ အေးချမ်းစွာအနားယူခဲ့ပါပြီ။ ကျွန်တော်တို့ကို ဂရုစိုက်ပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်ပါတယ်။ သူ့ကိုလူတွေဘယ်လောက်ချစ်ကြလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ အဲ့တာတွေအတွက်လည်း ကျေးဇူးတင်သလို မတူညီတာတွေလည်းဖြစ်စေပါတယ်။ ကျေးဇူးတင်ပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၁ တုန်းက လောတစ်ယောက် အယ်လ်ဇိုင်းမား နဲ့ သတိမေ့ရောဂါခံစားနေရတယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဘက်ကလည်း “ယူနိုက်တက်မှာရှိတဲ့လူတွေအားလုံး ဒင်းနစ်ကွယ်လွန်မှုကို ပူဆွေးဝမ်းနည်းနေကြပါတယ်။ အသင်းအတွက် သူက ပွဲပေါင်း ၄၀၄ ပွဲ နဲ့ ၂၃၇ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။

ပြီးတော့ သူက အသင်းရဲ့ဂန္ထဝင်တွေထဲကတစ်ယောက်ပါ။ အသင်းအပေါ်လည်း အများကြီးအကျိုးပြုခဲ့တဲ့သူတွေထဲကတစ်ယောက်ပါ။ ဒင်းနစ်မိသားစုနဲ့အတူ ကျွန်တော်တို့လည်း ဝမ်းနည်းရပါတယ်။ သူနဲ့အမှတ်တရတွေက အမြဲတမ်းရှင်သန်နေမှာပါ”လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ လောဟာ ယူနိုက်တက်နဲ့အတူ အောင်မြင်မှုတွေရယူနိုင်ခဲ့ပြီး ပြည်တွင်းဖလား ၂ လုံး ၊ အက်ဖ်အေဖလား နဲ့ ဥရောပဖလားတွေရယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘော်လွန်းဒီအော်ဆုကိုရရှိခဲ့တဲ့တစ်ဦးတည်းသော စကော့တလန်သားအဖြစ်လည်း ရပ်တည်နေပါတယ်။  ယူနိုက်တက်အသင်းကလည်း ဘက်စ် ၊ ဘော်လ်ဘီချာလ်တန်တို့နဲ့အတူ လောကို အိုးထရက်ဖို့ဒ်ကွင်းအပြင်ဘက်မှာ ရုပ်ထုနဲ့ ဂုဏ်ပြုထားခဲ့ပါတယ်။

အသင်းအတွက် ၁၁ နှစ်တာကာလအတွင်း လောတစ်ယောက် ၄၀၄ ပွဲမှာ ၂၃၇ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး စကော့တလန်အသင်းအတွက်တော့ ၅၅ ပွဲမှာ ၃၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။