The network connection is lost.

Banner Image

အနာဂတ်နဲ့ပတ်သက်ပြီး ယတိပြတ်မဖြေကြားခဲ့တဲ့ မန်စီးတီးစတား ဟာလန်း

မန်စီးတီးတိုက်စစ်မှူး ဟာလန်းက အသင်းနဲ့အနာဂတ်အကြောင်း ယတိပြတ်မဖြေကြားခဲ့ဘူးလို့ သိရပါတယ်။ နော်ဝေသားဟာ ဒီရာသီစီးတီးအသင်း ၄ နှစ်ဆက်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ရေးမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။
 
၂၀၂၂ တုန်းက ဟာလန်းဟာ စီးတီးထံ ပြောင်းလာခဲ့တာဖြစ်ပြီး ဂွါဒီယိုလာလက်အောက်မှာ ၂ နှစ်ဆက် ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟာလန်းတစ်ယောက် ဂိုးရှေ့မှာခြေစွမ်းပြနေပေမယ့်လည်း အနာဂတ်နဲ့ပတ်သက်လို့ ယတိပြတ်ဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
 
နော်ဝေတီဗွီနဲ့အင်တာဗျူးမှာ ဟာလန်းက “ကျွန်တော် ဒီမှာအရမ်းကောင်းတဲ့ ၂ နှစ်တာကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ ၃ နှစ်ကျန်နေပါသေးတယ်။ ဒါပဲ ကျွန်တော်ပြောနိုင်ပါတယ်။ကျွန်တော်ပြောနိုင်တာ ဒါအကုန်ပါပဲ”လို့ ပြောကြားခဲ့ပါတယ်။ အခြားတစ်ဖက်မှာတော့ ဒီဘရိုင်းကို ဆော်ဒီမြေက စိတ်ဝင်စားနေပြီး ကစားသမားကလည်း ပြောင်းနိုင်တယ်လို့ သတင်းကြီးနေပါတယ်။
 
နယ်သာလန်သတင်းဌာနတစ်ခုနဲ့အင်တာဗျူးမှာ ဒီဘရိုင်းက “မီချလီအတွက် တကယ့်စိတ်လှုပ်ရှားစရာအသစ်တစ်ခုပါ။ မိသားစုအနေနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။ ကျွန်တော့်အသက်အရွယ်ကြောင့် အရာအားလုံးအတက် တံခါးဖွင့်ထားပါတယ်။ ကစားသမားဘဝဆုံးခါနီးမှာ ငွေအကြောင်းပြောဖြစ်ပါတယ်။ တစ်ခါတလေမှာ အဲ့တာက တွေးတောရမယ့်အရာပါ။ ကျွန်တော် ၂ နှစ်လောက်ကစားလိုက်မယ်ဆိုရင် ငွေအမောင့်အများကြီးရလာနိုင်ပါတယ်။ ၁၅ နှစ်လောက်ကစားခဲ့တဲ့ငွေအမောင့်တောင် ၂ နှစ်ကစားမယ့်ငွေအမောင့်ကိုမမီနိုင်လောက်ပါဘူး။ အနာဂတ်အတွက် တွေးဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဘာမှမတွေးသေးပါဘူး။ ကျွန်တော့်စာချုပ်မှာ ၁ နှစ်ကျန်နေပါသေးတယ်။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ကျွန်တော့်ကလေးအကြီးဆုံးက ၈ နှစ်ရှိနေပါပြီ။ ဘာမှမသိသေးပါဘူး။ ဒါပေမယ့် အင်္ဂလန်မှာပါ။ သူက စီးတီးအတွက် ဘယ်လောက်ကြာကြာကစားမှာလဲမေးပါတယ်။ မကြာခင်မှာ ကျွန်တော်တို့ သေချာလေးဆွေးနွေးမှာပါ”လို့ ဒီဘရိုင်းက ပြောကြားခဲ့ပါတယ်။
 
မေးလ်စပေါ့သတင်းဌာနကတော့ အသက် ၃၂ နှစ်သားဟာ စီးတီးကနေ ထွက်ခွာနိုင်ချေရှိတယ်ဆိုတာကို ဖေဖော်ဝါရီတုန်းက ဖော်ပြခဲ့ပါတယ်။ ဂွါဒီယိုလာကလည်း ဒီဘရိုင်းကိုအသင်းမှာဆက်ရှိနေစေချင်ကြောင်း ပြောကြားခဲ့ပါတယ်။
 
“ကျွန်တော် သူ့ကိုဆက်နေစေချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်သေချာမသိပါဘူး။ ချိတ်ဆက်မှုတွေ ကျွန်တော်ကြားပါတယ်။ ကမ်းလှမ်းမှုရှိလားဆိုတာ ကျွန်တော်မသိပါဘူး။ ဆော်ဒီကလိုချင်လားဆိုတာလည်း ကျွန်တော်မသိပါဘူး။ သူ့ကစားသမားဘဝမဆုံးခင်အထိ ဒီမှာဆက်နေတာကို မြင်ချင်ပါတယ်။ ဒါပေမယ့် လူတိုင်းက လူတိုင်းပါပဲ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။