
The network connection is lost.

မန်စီးတီးနည်းပြ ဂွါဒီယိုလာက နယူးကာဆယ်အသင်းနဲ့ ကာရာဘောင်ဖလားပွဲမှာ ကီဗင်ဖီးလစ်နဲ့ ကိုဗာဆစ်တို့ ပါဝင်ခွင့်ရရှိမယ်လို့ အတည်ပြုလိုက်ပါတယ်။ စီးတီးဟာ ဒဏ်ရာပြဿနာတွေ ရှိနေဆဲဖြစ်ပြီး ကာရာဘောင်ဖလားပွဲမှာ အရေးကြီးတဲ့ ကစားသမားတွေကို အနားပေးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။
ပွဲမတိုင်ခင်သတင်းစာရှင်းပွဲမှာ ဂွါဒီယိုလာက လာမယ့်နယူးကာဆယ်နဲ့ပွဲမှာ ရိုဒရီပွဲပယ်ခံထားရတာကြောင့် ဖီးလစ်ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပြီး အီဒါဆန်အစား အိုတီဂါပါဝင်လာဖွယ်ရှိနေပါတယ်။ ဒါ့အပြင် ဂွါဒီယိုလာက ဒဏ်ရာကနေပြန်လာတဲ့ ကိုဗာဆစ်နဲ့ ဂျက်ဂရီးလစ်ချ်တို့လည်း ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။
“သူ(ကီဗင်) စတင်ပါလိမ့်မယ်။ ဂျက်ကလည်း ပိုကောင်းလာပါပြီ။ မက်တီယိုလည်း အတူတူပါပဲ။ ဘယ်နမိနစ်လောက်ထိလဲဆိုတာတော့ မသိပေမယ့် ဒုတိယပိုင်းလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ကစားမှာပါ။ ကျွန်တော်တို့ အများကြီးမတွေးပါဘူး။ လာမယ့်နယူးကာဆယ်နဲ့ပွဲကိုပဲ အာရုံစိုက်ထားပါတယ်။ အခုတော့ ကောင်းမွန်တဲ့အခြေအနေရှိနေပေမယ့် ကစားသမားအများကြီး ဒဏ်ရာ ရနေပါတယ်။ အဲ့အတွက် သူတို့ကို အနားပေးရပါမယ်။ မနက်ဖြန်က အရေးကြီးသလို အာဆင်နယ်၊ လိုက်ပ်ဇစ်နဲ့ ပွဲတွေကလည်း အရေးကြီးပါတယ်။ အခုအခိုက်အတန့်မှာ ကျွန်တော်တို့အားစိုက်ရပါမယ်။ ဒဏ်ရာပြဿနာတွေက ကျွန်တော်တို့ကို ဒုက္ခပေးနိုင်ပါတယ်။ သူရောက်ပြီးကတည်းက အသင်းအတွက် အများကြီးအကူအညီမပေးနိုင်ပေမယ့် အခုဆို အထိုင်ကျလာသလို တည်ငြိမ်တဲ့ စွမ်းဆောင်ရည်လည်းပြသထားနိုင်ပါတယ်။ နော်တင်ဟမ်နဲ့ပွဲမှာဆိုရင် သူအသင်းကိုကူညီပေးနိုင်ခဲ့ပါတယ်။ အဲ့တာက အရေးကြီးသလို လာမယ့်ပွဲတိုင်းကလည်း အရေးကြီးတာကြောင့် ကျွန်တော် အကောင်းဆုံးအသင်းကို ဆုံးဖြတ်မှာပါ”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။