The network connection is lost.

Banner Image

ဒုတိယပိုင်းသွင်းဂိုးတွေနဲ့အတူ မန်ချက်စတာဒါဘီမှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ မန်စီးတီး

မန်စီးတီး ၃-၁ ယူနိုက်တက် (ပွဲပြီးရလဒ်)

 

ပထမပိုင်းက ရက်ရှ်ဖို့ဒ်ရဲ့သွင်းဂိုးနဲ့အတူ ဂိုးသမား အိုနာနာရဲ့လက်စွမ်းပြမှုတွေကြောင့် ချေပဂိုးနဲ့ဝေးကွာနေရတဲ့ မန်စီးတီးဟာ ဒုတိယပိုင်းမှာတော့ ဖိုဒန်ရဲ့မှော်ဝင်ခြေစွမ်းတွေနဲ့အတူ မန်ချက်စတာဒါဘီမှာ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

ဒီဘရိုင်း၊ ဟာလန်းတို့ ယူနိုက်တက်ခံစစ်ကို မထိုးဖောက်နိုင်ဘဲ ဂိုးကံခေနေချိန်မှာ ဖိုဒန်က တစ်ကိုယ်တော်ခြေစွမ်းတွေနဲ့အတူ အကောင်းဆုံးခြေစွမ်းပြကာ လိုအပ်နေတဲ့ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေသွင်းယူပေးသွားခဲ့ပါတယ်။

နာကျင်အချိန်ပိုမှာ ယူနိုက်တက်ခံစစ်အမှားကနေ ဟာလန်းက ဦးဆောင်ဂိုးထပ်သွင်းခဲ့တာကြောင့် မန်စီးတီးတို့ မန်ချက်စတာဒါဘီမှာလည်း အမှားအယွင်းမရှိ အနိုင်ရကာ ဇယားထိပ်က လီဗာပူးကို ဆက်လက်ဖိအားပေးနေခဲ့ပါတယ်။